Pages

Tuesday, August 27, 2013

ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ကလေးငယ် ၁၀၀၀ အား အခမဲ့ ခွဲစိတ်ကုသရန် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ငါးသိန်းခန့် GIC အသုံးပြုမည်

ရန်ကုန် ၊ ၂၇-၈-၂၀၁၃

တောင်ကိုရီးယား နိုင်ငံ အခြေစိုက် GIC ( Global Image Care )  အဖွဲ့မှ မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးသူငယ် ဦးရေ ၁ဝဝဝ ခန့်အား ငါးနှစ်အတွင်း အခမဲ့ ခွဲစိတ်ကုသပေး နိုင်ရန် အနိမ့်ဆုံး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် အသုံးပြု သွားမည် ဖြစ်ကြောင်း KBC ဆေးရုံ မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုကို အင်းစိန် မြို့နယ်ရှိ KBC ဆေးရုံ၌ ပြုလုပ်ပေး လျက်ရှိနေပြီး မြန်မာနိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါး ၍ ခွဲစိတ်ကုသရန် မတတ်နိုင်သည့် ကလေးသူငယ် များအား အဓိက ခွဲစိတ် ကုသပေးလျက် ရှိကြောင်း ၊ ငါးနှစ်အတွင်း နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ ကလေးငယ် ၁ဝဝဝ ခန့်အား အခမဲ့ ခွဲစိတ်ကုသ ပေးနိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။

'' တချို့ကလေးငယ် တွေက ဒီလိုဖြစ် နေတော့ စိတ်အား ငယ်တာတွေ ကိုလည်း တွေ့ရတယ် ၊ ဒီလို ကူညီပေးတာ အရမ်းကို ကောင်းပါတယ် ၊ ကလေးမိဘ တချို့ရဲ့ ဝမ်းသာ မျက်ရည်တွေ မြင်ရတော့ စိတ်မကောင်းလည်း ဖြစ်မိတယ် ၊ နောက်ပြီး ဒီက ဆရာဝန် တွေလည်း ပညာ လေ့လာခွင့် ရတယ် ... '' ဟု ၄င်းက ပြောကြား ခဲ့သည်။


၂ဝ၁၂ ခုနှစ် အောက်တိုဘာလ မှစတင်၍ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ အခမဲ့ ခွဲစိတ် ကုသမှုများ လုပ်ဆောင် ခဲ့ပြီး တစ်နှစ်လျှင် နှစ်ကြိမ် ခွဲစိတ် ကုသမှု ပြုလုပ်ပေးလျက် ရှိကြောင်း ၊ ယခုနှစ်အတွင်း ဖေဖော်ဝါရီမှ သြဂုတ် လအထိ ခွဲစိတ်ပြီး ကလေးငယ် ပေါင်း ၁ဝဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ ငါးလသား အရွယ်မှ အသက် ၂ဝ အရွယ်အတွင်း နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲ လူနာများ ဖြစ်ကြပြီး အများစုသည် ငါးနှစ် ၊ ခြောက်နှစ် အရွယ် ကလေးသူငယ်များ ဖြစ်ကြကြောင်း လာမည့် အောက်တိုဘာလ တွင် ထပ်မံအခမဲ့ ခွဲစိတ်ကုသ ပေးမည်ဖြစ်ပြီး စက်တင်ဘာ တွင်လည်း သည်းခြေ ကျောက်တည် လူနာများ ကိုပါ အခမဲ့ ခွဲစိတ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment