Pages

Wednesday, August 28, 2013

၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် B.Sc ( Sport ) နှင့် B.A ( Sport ) သင်ရိုးများအတွက် ပညာရေး ၀န်ကြီးဌာန နှင့် ပေါင်းစပ် ညှိနှိုင်းအစည်းဝေး ကျင်းပ


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် B.Sc ( Sport ) နှင့် B.A ( Sport ) သင်ရိုးညွှန်းတမ်း နှင့် အချိန်ဇယား အတွက် ပညာရေး ဝန်ကြီးဌာန နှင့် ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး ကျိုက္ကဆံကွင်း ရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာန အစည်းအဝး ခန်းမတွင် ကျင်းပရာ အားကစား နှင့် ပညာရေး ကဏ္ဍသည် ယခုမှ ပေါင်းစပ်ခြင်း မဟုတ်ဘဲ ၁၉၉၇-၁၉၉၈ ပညာသင်နှစ် မှစတင်၍ အောက်မြန်မာပြည် ရန်ကုန်မြို့ ၊ ကျိုက္ကဆံ အားကစား နှင့် ကာယပညာ သိပံ္ပနှင့် ၂ဝဝ၂-၂ဝဝ၃ ပညာရေးနှစ် တွင် အထက် မြန်မာပြည် မန္တလေးတိုင်း ၊ အားကစားနှင့် ကာယပညာ သိပ္ပံတို့တွင် ဖွင့်လှစ် သင်ကြား ပေးလျှက် ရှိကြောင်း၊ ယခု B.Sc ( Sport ) နှင့် B.A ( Sport ) သည် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် အတွက် ခြေလှမ်းသစ် တစ်ခုဖြစ်၍ ပြည်ထောင်စု ဝန်ကြီးများ၏ လမ်းညွှန်ချက် နှင့် အချိန်မီ အကောင် အထည်ဖော် ဆောင်ရွက် လျှက်ရှိ၍ ပေါင်းစပ် ညှိနှိုင်းခြင်း ဖြစ်ကြောင်း ၊  ပညာရေး ဝန်ကြီးဌာန ၏ အဆင့်မြင့် ပညာဦးစီး ဌာနနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ ဦးစီး၍ သင်ရိုးညွှန်းတမ်း မူကြမ်း ရေးဆွဲခြင်း များနှင့် သင်ကြားရေး ကိစ္စ ရပ်များ ၊ အားကစား ဘာသာရပ် အတွက် နည်းပြ ထားရှိရေး ကိစ္စရပ်များ နှင့် ဒုတိယနှစ် ၊ တတိယနှစ် ၊ စတုတ္ထနှစ် အတွက် လျာထား ထားသည့် အားကစား ပညာရပ် (၈) ခုအတွက် ဘာသာရပ်များ သင်ကြား ပို့ချရန် ကိစ္စများအား လည်းကောင်း ၊ ပထမနှစ်ရဲ့ ဒုတိယ နှစ်ဝက်တွင် ပို့ချမည့် Sports Psychology ဘာသာရပ် ကိစ္စရပ်များ ကျောင်းသား ၊ ကျောင်းသူများ အား အားကစားနှင့် ကာယပညာ သိပံ္ပ(၂)ခုတွင် အဆောင် ထားရှိပြီး တက္ကသိုလ် များသို့ ကြိုပို့ ဆောင်ရွက် ပေးရေးကိစ္စ ၊ ၂ဝ၁၃ - ၂ဝ၁၄ ပညာ သင်နှစ် B.Sc ( Sport ) နှင့် B.A ( Sport ) ဘွဲ့ကြို ကျောင်းသား ၊ ကျောင်းသူများ အတွက် သတ်မှတ် အရည်အချင်း နှင့် ကိုက်ညီ သူများကို ပညာရေး ဝန်ကြီးဌာနမှ ရွေးချယ်ပေးပြီး အားကစား နှင့် ကာယပညာ သိပံ္ပ ( ရန်ကုန် နှင့် မန္တလေး ) တို့တွင် သင်တန်းသား (၅ဝ) ဦးစီကို လက်ခံ ပေးသွားရန် ကိစ္စရပ်များ အား လည်းကောင်း ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဌ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပ ပြုလုပ်ခဲ့သော ပညာရေး ဝန်ကြီးဌာန နှင့် ပေါင်းစပ် ညှိနှိုင်း အစည်းအဝေး တွင် အသေးစိတ် ညှိနှိုင်း ဆွေးနွေး ပြောကြား ခဲ့သည်။

ယင်းနောက် အစည်းအဝေး သို့ တက်ရောက် လာသော အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးရဲမြင့် ၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေး ၊ ရတနာပုံ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်တင် နှင့် ပါမောက္ခများ ၊ ဌာနမှူးများက B.Sc ( Sport ) နှင့် B.A ( Sport ) အတွက် ပညာသင်နှစ် အတွင်း ပထမနှစ် မှ စတုတ္ထနှစ် ပြီးဆုံးသည် အထိ ဘွဲ့ရရှိရေး ကိစ္စရပ်များ၊ Sports Skill ပိုင်းအတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ၊ အားကစား ဘာသာရပ် အား မယူမနေရ ဘာသာရပ် အဖြစ် သင်ကြားရေး ကိစ္စရပ်များ ၊ အဝေးသင် ကူးပြောင်း သင်ကြားရေး ကိစ္စရပ်များ ၊ အားကစား နှင့် ကာယပညာ သိပံ္ပကျောင်းမှ တက္ကသိုလ်သို့ တက်ရောက် သင်ကြား နိုင်ရေး ကိစ္စရပ်များ ၊ Administration ၊ Organization နှင့် Teaching Sports ဘာသာရပ် ဆိုင်ရာများ ၊ အားကစား ထူးချွန်မှု အဆင့် သတ်မှတ်ရန် ကိစ္စရပ်များ ၊ ပြည်ပသို့ လေ့လာရေး စေလွှတ်ခြင်း နှင့် ပြည်ပမှ အကြံပေး ပုဂ္ဂိုလ်များ ခေါ်ယူရေး ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေး တင်ပြကြသည်။


ယင်းနောက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဌ အားကစား ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း သည် ပညာရေး ဝန်ကြီးဌာန မှ တင်ပြ ဆွေးနွေးမှု အပေါ် ပြည်ထောင်စု ဝန်ကြီးထံ ပြန်လည် တင်ပြမည် ဖြစ်ကြောင်း ၊ ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်း ဆောင်ရွက်၍ လိုအပ်သည်များ ဖြည့်စွက် အကြံပေး စေလိုကြောင်း ၊ မြန်မာ့ အားကစား တက္ကသိုလ် ပေါ်ပေါက် စေရန် အကောင် အထည်ဖော် ရေး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေး နိုင်ရေးနှင့် ပြည်ပ လေ့လာရေး ကိစ္စရပ်များ စသည့် ဆွေးနွေးမှု များအပေါ် ကျေးဇူး တင်ရှိကြောင်း စသည်ဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးကြစေလိုရေး ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment