Pages

Wednesday, August 21, 2013

ပြည်သူများ မိုဘိုင်းလ်ဖုန်းလိုအပ်ချက် ပြည့်မီစေရန် ရက်ပိုင်းအတွင်း တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် ဆင်းကတ်များ ရောင်းချပေးမည်

ရန်ကုန် ၊ ၂၁-၈-၂၀၁၃

ဆက်သွယ်ရေး သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးနေသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း များကို ပြည်သူများ ကြားတွင် လိုအပ် နေသေးသည့် အတွက် ထပ်မံကာ ၅ ကြိမ်မြောက် အဖြစ် ယခုရက်ပိုင်း အတွင်း ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ထုတ်ပြန်ချက် အရ သိရသည်။

ပြည်သူများ အကြားတွင် လိုအပ်နေသည့် တယ်လီဖုန်း လိုင်းအင်အား များကို တိုးမြှင့် တပ်ဆင် ပေးနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သြဂုတ်လ ၂၃ ရက်တွင် ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃၀၀ ကြိုတင် ပေးသွင်း ထားသည့် CDMA 800 MHz ( MEC ) မိုဘိုင်းလ်ဖုန်း တစ်သိန်းခွဲ နှင့် GSM မိုဘိုင်းလ်ဖုန်း ၂ သိန်း တစ်သောင်း စုစုပေါင်း ဆင်းကတ် ၃ သိန်း ၆ သောင်းကို  ဖြန့်ဖြူး ရောင်းချ ပေးသွားမည် ဖြစ်သည်။




ထိုကဲ့သို့ ရောင်းချ ပေးရာတွင် ပြည်နယ်အလိုက် ခွဲတမ်း အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး CDMA 800 MHz ( MEC ) ၁၃၈၀၀ ခု ၊ GSM ၅၆၀၀ ခု နှင့် နေပြည်တော် CDMA 800 MHz ( MEC ) ၁၁၅၀၀ ခု ၊ GSM ၁၅၀၀၀ ခု ဖြန့်ဖြူး ရောင်းချ ပေးမည် ဖြစ်သည့်အတွက် တန်ဖိုးနည်း ဆင်းကတ်ခွဲတမ်း အနေဖြင့် စုစုပေါင်း ၂၆၅၀၀ ခု ရရှိမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဧပြီလမှစ၍ တန်ဖိုးနည်း ဆင်းကတ် အခုရေ ၃၅၀၀၀၀ ကို တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် လစဉ် ရောင်းချ ပေးခဲ့သည်။ ထိုသို့ ရောင်းချ ပေးခဲ့သည့် ငွေကျပ် ၁၅၀၀ တန် ဆင်းကတ် အရေအတွက်မှာ ၁ ဒသမ ၄ သန်းအထိ ရှိခဲ့သည့် အတွက် ယခင် ရောင်းချ ပေးထားသည့် ငွေကျပ် ၁၅ သိန်းတန် ဖုန်းနှင့် ငွေကျပ် ၂ သိန်းတန် ဖုန်ုးများ ပေါင်းပါက စုစုပေါင်း ၅ ဒသမ ၂ သန်းကျော် အထိ ရှိသွားပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တစ်နိုင်ငံလုံး ရောင်းချ ပေးခဲ့ပြီး ဖြစ်သည့် ဖုန်းအရေအတွက် များနှင့် နိုင်ငံ အတွင်းရှိ အိမ်ထောင်စု ၈ ဒသမ ၇ သန်းကျော်ကို အချိုးကျ တွက်ချက် ကြည့်ပါက အိမ်ထောင်စု ၁ ဒသမ ၇ စုလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံး ရရှိနိုင်မည် ဖြစ်သော်လည်း လက်ရှိ အချိန်တွင် အိမ်ထောင်စု တိုင်း မိုဘိုင်းလ်ဖုန်း သုံးစွဲရန် လိုအပ် နေလျက် ရှိကြောင်း စိစစ် တွေ့ရှိရသဖြင့် အိမ်ထောင်စုတိုင်း အတွက် မိုဘိုင်းလ်ဖုန်း ပိုမို သုံးစွဲခွင့် ရရှိရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။

တန်ဖိုးနည်း ဖုန်းများမှာ ကတ်ဝယ်ယူ ထားသည့် နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း ဆင်းကတ်တွင် မူလထည့်သွင်း ပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃၀၀ မကုန်မီ တယ်လီဖုန်း သုံးစွဲသူသည် အနည်းဆုံး ငွေကျပ် ၅၀၀၀ တန် ကြိုတင် ငွေဖြည့်ကတ်ဖြင့် ငွေဖြည့် သုံးစွဲရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန် ထားသည်။ ဆင်းကတ်ကို အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်ရန် အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျှောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။


ယင်းတန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း များကို လစဉ် ကြိုတင် ငွေဖြည့်ကတ် ဖြင့် ပြောဆိုခ ငွေကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ် ထားပြီး ဖြစ်၍ နှစ်လ ပြည့်သော်လည်း ကြိုတင် ငွေဖြည့်ကတ်မှ ငွေကျပ် ၅၀၀၀ ကို အပြည့် မသုံးစွဲပါက အလိုအလျှောက် ငွေကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက် သွားမည် ဖြစ်ကြောင်း ၊ ဖြည့်သွင်း ထားသော ငွေကုန်ဆုံး ပြီးနောက် ၁၅ ရက်အတွင်း ငွေဖြည့်ကတ် ထပ်မံ ဖြည့်သွင်းခြင်း မရှိပါက အဆိုပါ ဖုန်းကတ် သည် အလိုအလျှောက် လိုင်းပတ် သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment