Pages

Saturday, August 3, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည် မြင့်တက်လာစေရန် သွယ်ဝိုက်ခွန်လျှော့ပေါ့ပေးရန် နှင့် ခရီးသွားအာမခံစနစ်တစ်ခု လိုအပ်လျက်ရှိ

ရန်ကုန် ၊ ၃-၈-၂၀၁၃

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ခရီးသို့ ဘုရားဖူးများ မြင့်တက်လာ စေရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းနှင့် ဗုဒ္ဓဂယာ ဘုရားဖူး ပို့ဆောင်ရေး အဖွဲ့များက ဘုရားဖူး ခရီးစဉ်တွင် ပေးရသော သွယ်ဝိုက်ခွန် လျှော့ပေါ့ပေးရန် နှင့် ဘုရားဖူး အာမခံစနစ် တစ်ခု ထူထောင်ပြီး ခရီးသွား ဦးရေ မြင့်တက် လာစေရန် သက်ဆိုင်ရာ ဌာနများသို့ တင်ပြ ထားကြောင်း သိရသည်။

နှစ်စဉ် စက်တင်ဘာလ မှ ဧပြီလအထိ မြန်မာ ဘုရားဖူးများ အဓိက သွားရောက်ရာ ဗုဒ္ဓဂယာဒေသ သည် ဘုရားဖူး ခရီးသည် တစ်သိန်းနီးပါး လာရောက် ဖူးမြော်ကြရာ တွင် မြန်မာ ဘုရားဖူး များမှာ အများဆုံး ဖြစ်ကြောင်း လည်း သိရသည်။






ယခုနှစ် ဇူလိုင်လ အတွင်းတွင် ဗုဒ္ဓဂယာ ခရီးသွား လုပ်ငန်းအဖွဲ့ က ဘုရားဖူး ခရီးသည်များထံက ကောက်ခံနေသော သွယ်ဝိုက်ခွန် ခေါ် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကို အတတ်နိုင်ဆုံး လျှော့ပေါ့ ပေးရန် သက်ဆိုင်ရာ သို့ တင်ပြ ထားပြီး သြဂုတ်လ အတွင်း ဘုရားဖူး ခရီးသွားများ အတွက် ဘုရားဖူး အာမခံ စနစ်တစ်ခု ထူထောင် ပေးရန် မြန်မာ့ အာမခံလုပ်ငန်း သို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ ဗုဒ္ဓဂယာ ခရီးသွား အာမခံ စနစ်ကို အကောင် အထည်ဖော် နိုင်ရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက သက်ဆိုင်ရာ မြန်မာ့ အာမခံ လုပ်ငန်းသို့ အချက်အလက် များရေးသား ပေးပို့မည် ဖြစ်ကြောင်း သိရသည်။ ယင်း ဗုဒ္ဓဂယာ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် က အဓိက လုပ်ဆောင်သော ဗုဒ္ဓဂယာ ခရီးသွား အာမခံစနစ်ကို အကောင် အထည်ဖော် နိုင်ရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက အကူအညီ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။


ဗုဒ္ဓဂယာ ခရီးစဉ် အတွက် ဘုရားဖူး ခရီးသည်များသည် ဘုရားဖူး ခရီးစဉ် တစ်ခုလုံး အတွက် ငွေကျပ် ၈ သိန်းကျော် ကိုးသိန်းနီးပါး ကုန်ကျမည် ဖြစ်ပြီး ကုန်ကျစရိတ် အတိအကျမှာ စက်တင်ဘာလ ခရီးသွား ရာသီအစတွင် ဒေါ်လာပေါက်ဈေး အပေါ် တည်မှီ နေမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment