Pages

Monday, August 12, 2013

ပျူခေတ်မြို့ပြများကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းနိုင်ရန် နိုင်ငံတကာ ပညာရှင်များ လာရောက် စစ်ဆေးမည်


ရန်ကုန် ၊ ၁၂-၈-၂၀၁၃

မြန်မာနိုင်ငံ ရှိ ရှေးဟောင်း မြို့တော် များဖြစ်သည့် ပျူခေတ်မြို့ပြ များဖြစ်သော ဗိဿနိုး ၊ ဟန်လင်း နှင့် သရေ ခေတ္တရာ မြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်း နိုင်ရေး အတွက် ကမ္ဘာ့ အမွေအနှစ် ကော်မတီက အဆုံးအဖြတ် ပေးမည်ဖြစ်ရာ ယင်း ကော်မတီ၏ ညီလာခံ မတိုင်မီ ၂၀၁၃ ခုနှစ် အောက်တိုဘာလ နှင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ များတွင် နိုင်ငံတကာ ပညာရှင်များက မြန်မာနိုင်ငံ သို့ လာရောက် စစ်ဆေး ကြမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ ရှိ ပျူမြို့ပြများ ဖြစ်သည့် ဗိဿနိုး ၊ ဟန်လင်း နှင့် သရေ ခေတ္တရာ မြို့ဟောင်း များကို ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ် နိုင်ရေး အတွက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ၏ ၃၈ ကြိမ်မြောက် ညီလာခံက ဆံုးဖြတ် ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆုံးဖြတ် နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံ များနှင့် နေရာ ဒေသများ ထိန်းသိမ်းရေး အဖွဲ့မှ နိုင်ငံတကာ ပညာရှင် များသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင် ဗိဿနိုး မြို့နှင့် သရေ ခေတ္တရာ မြို့ဟောင်း များသို့လည်းကောင်း ၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ တွင် ဟန်လင်း မြို့ဟောင်း သို့ လည်းကောင်း လာရောက် ကြည့်ရှု စစ်ဆေး ကြမည် ဖြစ်သည်။ ယင်းကဲ့သို့ ကြည့်ရှု စစ်ဆေး နိုင်ရန် အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာန အနေဖြင့် ပျူရှေးဟောင်း မြို့များ ကြီးကြပ် ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း ပေးထားပြီး ရှေးဟောင်းမြို့ များကို လေ့လာ စစ်ဆေး သွားလာရာတွင် လွယ်ကူ ချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ဆက်သွယ်ရေး လမ်းကြောင်း များနှင့် ပတ်ဝန်းကျင် အမြင် တင့်တယ် လှပရေး အတွက်လည်း ကြိုတင် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန မှ သိရှိရသည်။

No comments:

Post a Comment