Pages

Wednesday, August 28, 2013

ပြည်တွင်းပြည်ပ ဖက်စပ် ဆက်သွယ်ရေးလုပ်ငန်း တစ်ခု တည်ထောင်ရန် စီစဉ်


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

မြန်မာနိုင်ငံ မှ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် ပြည်ပရှိ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်ကာ အောင်မြင် ဖြစ်ထွန်း နေကြသော စက်မှု လုပ်ငန်းတချို့ ပူးပေါင်းကာ မြန်မာနိုင်ငံ တွင် ဆက်သွယ်ရေး ပိုင်းဆိုင်ရာ စက်မှု လုပ်ငန်းတစ်ခု တည်ထောင် သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို ဆက်သွယ်ရေး စက်မှုလုပ်ငန်း ကို မြန်မာနိုင်ငံမှ ကမ္ဘောဇ လုပ်ငန်းစု ၊ Myanmar Telephone Company ( M-Tel ) နှင့် စင်ကာပူ နိုင်ငံ အခြေစိုက် Singapore Telecommunication Limited ( SingTel ) တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ ၌ တည်ထောင်သွားရန် စီစဉ် ဆောင်ရွက် နေခြင်း ဖြစ်သည်။


SingTel သည် ယခုကဲ့သို့ ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ပူးပေါင်းကာ အဆိုပါ ဆက်သွယ်ရေး စက်မှု လုပ်ငန်းကို အကောင် အထည်ဖော် သွားရန် စီစဉ် ရခြင်းမှာ ဈေးနှုန်း သက်သာပြီး ဆန်းသစ်သော ဆက်သွယ်ရေး ပစ္စည်း ကိရိယာ များကို မြန်မာပြည်သူများ အသုံးပြု လာနိုင်စေရန် အတွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ ထို့အပြင် မြန်မာ ကိုယ်ပိုင် ဂြိဟ်တု လွှတ်တင်နိုင်ရေး နှင့် နောက်ထပ် ရေအောက် ဆက်သွယ်ရေး ကေဘယ်လ် ကွန်ရက် စီမံကိန်း ဖြစ်သည့် SEA - ME - WE 5 အား တည်ဆောက် ရာတွင်လည်း SingTel မှ ပါဝင် ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment