Pages

Monday, August 26, 2013

ခရီးသွား အများအပြား ၀င်ရောက်လာမှုတွင် သားငါးကဏ္ဍမှလည်း နိုင်ငံခြား ၀င်ငွေရရှိရန် ကြိုတင်ပြင်ဆင်မှုများ လိုအပ်

ရန်ကုန် ၊ ၂၆-၈-၂၀၁၃

မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ခရီးသွားများ ဝင်ရောက် လာမှုသည် ယခုနှစ် နောက်ပိုင်း သန်းချီဝင်ရောက် လာမည်ဟု ခန့်မှန်းထားကြပြီး ထိုသို့ လာရောက် လည်ပတ် ကြမည့် ခရီးသွား ဧည့်သည်များ၏ စားသောက်ရေး အခြေအနေ ကိုလည်း စဉ်းစားရန် လိုအပ်ပြီး အသားနှင့် ငါးစားသုံးနိုင်သော ကဏ္ဍများ မှလည်း နိုင်ငံခြားဝင်ငွေ ရရှိရန် ကြိုးပမ်း၍ ကြိုတင် ပြင်ဆင်မှုများ စတင်ပြုလုပ် ကြရန် လိုအပ်လာ ပြီဖြစ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှ နိုင်ငံများရှိ ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်မှုနှင့် ဝင်ရောက်မှု အများ ဆုံးဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံနှင့်ပင် မြန်မာနိုင်ငံ၏ ခရီးသွား ဝင်ရောက်မှု သည် ရင်ပေါင်တန်း လာနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက် လာပါကလည်း ယင်းတို့ အနေဖြင့် မြန်မာ မျိုးရင်းငါးများကို စားသုံးခြင်းထက် ကြိုက်နှစ် သက်သော ငါးမျိုး များကိုသာ ဈေးနှုန်းကို ထည့်မတွက်ဘဲ ဝယ်စားကြမည် ဖြစ်ပြီး သားငါးကဏ္ဍ အတွက် ကြိုတင် ပြင်ဆင်မှု မရှိဘဲ နီးစပ်ရာ အိမ်နီးချင်း နိုင်ငံများမှ မှာယူ၍ ပြင်ဆင်ပေးမည် ဆိုပါကလည်း မိမိတို့ နိုင်ငံ၏ ရရှိနိုင်သော ဒေါ်လာငွေ ကြေးကို ဆုံးရှုံးနိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

'' နိုင်ငံခြားသား တွေက သာမန် ကင်းပုစွန် နှစ်ကီလို ဆိုရင်တောင် မှ ငွေကျပ် တစ်သောင်းခွဲ ၊ နှစ်သောင်းခွဲ ဈေးနှုန်းတွေနဲ့ စားသုံးကြတယ် ၊ အဲဒီ ဈေးနှုန်းတွေ ကလည်း နိုင်ငံခြားသားတွေ စားသုံးဖို့ သင့်လျော်တဲ့ ဈေးနှုန်း တွေသာ ဖြစ်ပါတယ် ၊ ကျွန်တော် တို့ရဲ့ ပင်လယ်ငါး ဟာလည်း တကယ်ကို သန့်ရှင်းပြီး ကောင်းမွန်တဲ့ ငါးတွေပါ ၊ အဲဒီလို ငါးကို ကျွန်တော်တို့က ငါးမျိုး ပျက်သုဉ်းအောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး .... '' ဟု ပြည်တွင်းရှိ သယံဇာတ ရေထွက်ကုန်များ နှင့်ပတ်သက်၍ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ

ဦးဝင်းစိန်က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment