Pages

Friday, August 2, 2013

ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ တပ်မတော် ရဟတ်ယာဉ် ၊ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိ


နေပြည်တော် ၊ ၂-၈-၂၀၁၃

ကရင်ပြည်နယ် အတွင်း ဇူလိုင်လ ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဘားအံမြို့နယ် နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများ ရေဘေး အန္တရာယ် နှင့် ကြုံတွေ့လျက် ရှိရာ ဇူလိုင်လ ၂၈ ရက်မှ ၃၁ ရက်အထိ နယ်မြေခံ တပ်မတော်သား များက ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး စခန်းများသို့ ကူညီ ပို့ဆောင် ပေးခဲ့ပြီး ဖြစ်သည်။


အဆိုပါ ရေဘေးသင့် ပြည်သူများ အတွက် လိုအပ်သည့် သောက်သုံးရေ နှင့် စားသောက် ဖွယ်ရာများအား ဇူလိုင်လ ၃၁ ရက် ညနေပိုင်း တွင် တပ်မတော် မှ မော်တော်ယာဉ် များဖြင့် သောက်ရေသန့် ၂၁၆၇ ကတ် ၊ တီးမစ် ၃၀၀ ဖာ ၊ ခေါက်ဆွဲခြောက် ၅၀၀ ဖာ ၊ ငါးဘူး ၅၂ ဖာ ၊ ဘီစကွတ် ၉ ဖာ တို့ကို လည်းကောင်း ၊ သြဂုတ်လ ၁ ရက် ညနေပိုင်းတွင် တပ်မတော် မှ ရဟတ်ယာဉ် ဖြင့် သောက်သုံး ရေသန့် ၃၅၅ ကတ် ၊ ဆေးပစ္စည်း ၃၀ ဖာ ၊ ခေါက်ဆွဲခြောက် ၂၅ ဖာ တို့ကို လည်းကောင်း ကူညီ ပို့ဆောင် ပေးခဲ့ကြောင်း နှင့် ပြည်သူများ သို့ အချိန်မီ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment