Pages

Saturday, August 24, 2013

မြန်မာနိုင်ငံ၏ တီဘီရောဂါဖြစ်ပွားမှုနှုန်း အာဆီယံဒေသတွင်း နှစ်ဆခန့်နှင့် တစ်ကမ္ဘာ့လုံး၌ သုံးဆခန့်ပိုမိုမြင့်တက်

ရန်ကုန် ၊ ၂၄-၈-၂၀၁၃

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းမှာ ဒေသအတွင်း နှစ်ဆခန့် ပိုမိုဖြစ်ပွား လျက်ရှိပြီး တစ်ကမ္ဘာလုံး၌ ဖြစ်ပွားမှုနှုန်း ထက် သုံးဆခန့် ပိုမို ဖြစ်ပွားလျက် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားခံရသူ နှစ်စဉ် ၉ဝဝဝ ခန့် ဖြစ်ပွားနေပြီး HIV ရောဂါမှာ ဒုတိယ သေဆုံးမှု အများဆုံးသော ရောဂါ ဖြစ်နေကြောင်း သိရသည်။ ထိုရောဂါ များအနက် ရောဂါ ၈ဝဝ ကျော်ကိုသာ ကုသပေးနိုင်ခဲ့၍ တိုးချဲ့ကုသရန် လိုအပ် နေကြောင်း နယ်စည်းမထား ဆရာဝန်များ အသင်းမှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

'' တစ်ကမ္ဘာ့လုံး နဲ့ ယှဉ်ရင်မြန်မာ နိုင်ငံက သတိထား ရမယ့် အခြေအနေ မှာ ရောက်နေ ပါတယ် ၊ ကျွန်တော်တို့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို လည်း လျစ်လျူရူ မထားပါဘူး ၊ တိုက်ဖျက် နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ... '' ဟု ဒေါက်တာ ကရုနာက သြဂုတ် ၂၂ ရက်က ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ဆေးယဉ်ပါး တီဘီရောဂါ တိုက်ဖျက်ရေး အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲ ညီလာခံ ဆေးယဉ်ပါး ကုသမှုမှာ နှစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်ပြီး တစ်နေ့လျှင် လူနာ တစ်ယောက်သည် ဆေးပြား ၂ဝ ခန့် သောက်သုံး ရမည်ဖြစ်ကာ ရှစ်လခန့် ဆေးထိုးခြင်း ကိုလည်း မပျက်မကွက်ခံ ယူရမည် ဖြစ်ကြောင်း သိရသည်။


ယင်းသို့ ရောဂါဖြစ်ပွားမှု နှုန်းအား ထိန်းချုပ်နိုင်ရန် ရန်ကုန်မြို့နှင့် အခြား မြို့နယ်များ အပါအဝင် ၃၈ မြို့နယ်၌ထိ ရောက်သော ကုသမှုများကို ၂ဝ၁၂  ခုနှစ်အစမှ ယခုအထိ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF နှင့် မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန တို့ ပူးပေါင်းကာ ကွင်းဆင်းကုသ ပေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment