Pages

Tuesday, August 27, 2013

ပြည်တွင်း၌စားသုံးရန် အရန်ဆန်အင်အား အလုံအလောက်ရှိ


ရန်ကုန် ၊ ၂၇-၈-၂၀၁၃

မကြာသေးခင် ရက်များမှ စတင်ကာ ယခုရက်ပိုင်း များအထိ မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတချို့ တွင် မြစ် ၊ ချောင်းများ ရေလျှံခြင်း ၊ လူနေ ရပ်ရွာများ အတွင်း၌ ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် လယ်ကွင်းများ ရေမြှုပ်ပြီး စိုက်ထားသော မိုးစပါးပင်များ ပျက်စီး ဆုံးရှုံးခြင်း လည်းရှိခဲ့ရာ ယင်းအချက် များကို အခြေခံပြီး ဆန်ကုန်သည် တချို့၏ ဈေးကစားမှု ကြောင့် ဆန်ဈေး အနည်းငယ် မြင့်တက်လာ ခဲ့သည်ကို တွေ့ရသည်။


ဆန်ဈေးများ အနည်းငယ်  တက်လာရခြင်းမှာ စားသုံးသူများသည် စိုးရိမ်စိတ်ကြောင့် ဆန်များ ဝယ်ယူ စုဆောင်း ကြရာမှ ပုံမှန် ၀ယ်လိုအား မြင့်တက် လာခြင်း ဖြစ်သော်လည်း ပြည်တွင်း၌ စားသုံးသူများ အတွက် အရန်ဆန်  အင်အား အလုံအလောက်ရှိ သဖြင့် ယင်းကဲ့သို့ စိုးရိမ် ပူပန်စရာမလို အပ်ဘဲ ပုံမှန်သာ ဝယ်ယူစားသုံး ကြစေလိုကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ '' ဆန်ဈေးက တစ်အိတ်ကို တစ်ထောင်ဝန်းကျင် လောက် တက်လာတာ တွေ့ရတယ် ၊ စားသုံးသူ တွေက ရေကြီးရင် ဆန်ဈေးတွေ တက်လာတော့မှာ ပဲဆိုပြီးတော့ စိုးရိမ်စိတ် တွေနဲ့ ဆန်တွေဝယ်ပြီး စုဆောင်းတဲ့ သဘောမျိုး လုပ်လာကြ တော့ ၀ယ်လိုအား များလာပြီးကုန်သည် တချို့ကလည်း ဈေးဆွဲတင် လာကြလို့ ဆန်ဈေးက တက်လာတာပါ ၊ ဆန်မရှိ တော့လို့ ဆန်ပြတ်လို့ ဆန်ဈေးတက်တာ မဟုတ်ပါဘူး ၊ ကုန်သည်တွေ ကိုလည်း ဈေးမကစား ကြဘဲ ပုံမှန်ဈေးနဲ့ပဲ ရောင်းကြဖို့ ကျွန်တော်တို့ ပြောထားပါ တယ် ၊ ဆန်တွေက ပြည်တွင်း စားသုံးသူတွေ အတွက် ပြည့်ပြည့်ဝဝ ရှိတဲ့အပြင် အရန်ဆန်တွေ ကလည်း လုံလုံ လောက်လောက် ရှိပါတယ် ၊ ဒီနှစ် မြန်မာနိုင်ငံ အောက်ပိုင်းမှာ လယ်တွေ ရေမြှုပ်တယ် ဆိုတာကလည်း ပြီးခဲ့တဲ့ နှစ်ကထက် စာရင်အများကြီး နည်းပါ သေးတယ် ၊ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ တစ် ရာခိုင်နှုန်း တောင်မရှိပါဘူး ၊ နောက်ပြီး တော့လည်း နောက်တစ်လ လောက်ကြာရင် ကောက်စော စပါးတွေလည်း စပေါ်လာ တော့မှာပါ ၊ အဲဒီတော့ စားသုံးသူ အနေနဲ့ ဆန်ပြတ်သွားမယ့် အရေး တွေးပြီး ပူနေစရာ မလိုပါဘူး ၊ ပုံမှန်လေးပဲ ဝယ်ပြီး စားသုံးသွားလို့ရ ပါတယ် .... ''ဟု ၄င်းက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment