Pages

Thursday, August 15, 2013

ရန်ကုန်တက္ကသိုလ် တွင် တက်ရောက်မည့် ထူးချွန်ကျောင်းသား များအတွက် နိုင်ငံတကာ အဆင့်ဖြင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ ဖြင့် သင်ကြားပေးမည်

ရန်ကုန် ၊ ၁၅-၈-၂၀၁၃

ရန်ကုန်တက္ကသိုလ် တွင် တက်ရောက်မည့် ထူးချွန် ကျောင်းသားများ အတွက် ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် မှစ၍ လက်ရှိ သင်ကြားနေသည့် သင်ရိုးညွှန်းတမ်း များအပြင် အာဆီယံအဆင့် ၊ နိုင်ငံတကာ အဆင့်များဖြင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်း များဖြင့် သက်ဆိုင်ရာ ဘာသာရပ် အလိုက် သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် အနေဖြင့် သင်ရိုးညွှန်းတမ်း များကို အဆင့်မြှင့်တင် ရုံသာမက တက်ရောက်မည့် ကျောင်းသား ကျောင်းသူ များ၏ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ သင်ကြားရေး ဆိုင်ရာ များအပြင် သင်ကြားရေး ပတ်ဝန်းကျင် ကိုလည်း ပိုမို ကောင်းမွန်အောင် ဆောက်ရွက် သွားမည် ဖြစ်သည်။ ထို့ပြင် သင်ကြားမှု ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ နှင့် အင်တာနက် ဖြင့် စာပေများ လေ့လာနိုင်ရန် ကိုလည်း စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ရှိ ဘာသာရပ် ၂၀ မှ မိမိနှစ်သက်ရာ ဘာသာရပ် ကို ရွေးချယ် တက်ရောက်နိုင်ပြိး ဘာသာရပ် တစ်ခုစီအတွက် ၁၅ ဦးစီဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၀၀ ဦးကို လျှောက်ထားသူ များထဲမှ ထူးချွန် ကျောင်းသား ကျောင်းသူ များကို အဓိက ခေါ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံ ၏ အဆင့်မြင့် ပညာကဏ္ဍတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ အဆင့်မြင့် ပညာ သင်ကြား နေသော တက္ကသိုလ် နှင့် ကောလိပ် စုစုပေါင်း ၁၆၈ ခု ဖွင့်လှစ်ထားပြီး ဘွဲ့ကြို သင်တန်း ၅၇ ခု ၊ ဂုဏ်ထူးတန်း သင်တန်း ၃၄ ခု ၊ ဒီပလိုမာ သင်တန်း ၂၂ ခု ၊ မဟာဘွဲ့ သင်တန်း ၄၆ ခု ၊ မဟာ သုတေသန သင်တန်း ၂၉ ခု နှင့် ပါရဂူဘွဲ့ သင်တန်း ၂၇ ခု ဖွင့်လှစ် သင်ကြား ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment