Pages

Monday, August 19, 2013

ရန်ကုန်မြို့တွင်း ညပိုင်းခရီးသွားလာရေး စနစ်ကို အလေးထား ပြင်ဆင်သင့်


ရန်ကုန် ၊ ၁၉-၈-၂၀၁၃

ရန်ကုန်မြို့တွင်း ညပိုင်းအချိန် ခရီးသည် တင်ယာဉ် ရှားပါးခြင်းကြောင့် ခရီးသွား ပြည်သူများ သွားလာရေး အတွက် အခက်အခဲ ဖြစ်နေခြင်း ကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ခရီးသွား ပြည်သူများထံ မှ သိရသည်။

မြန်မာနိုင်ငံ တွင် ပြောင်းလဲ လာသော ခေတ်စနစ်များ အရသော် လည်းကောင်း ၊ ပြောင်းလဲ လာသော စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ အရသော် လည်းကောင်း ရန်ကုန် မြို့တွင်းသို့ နိုင်ငံခြား ခရီးသွားများ လာရောက်မှု များရှိနေပြီး မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ နှင့် တက္ကစီ များကို အသုံးပြု သွားလာ နေကြရသည်။

ယခုအခါ ညပိုင်း ၉ နာရီကျော်လျှင် Down Town ၆ မြို့နယ်အတွင်း ခရီးသည် တင်ယာဉ် များမှာ လွန်စွာ ရှားပါးနေပြီး ကားခ ပိုမို တိုးမြှင့် ကောက်ခံခြင်း ကြောင့် မြို့တွင်း ခရီးသည် များမှာ တစ်နေရာ နှင့် တစ်နေရာ သွားလာရေး အတွက် လွန်စွာ ခက်ခဲနေကြောင်း သိရသည်။ " ညပိုင်းဆိုရင် မြို့ထဲမှာ လိုင်းကား မရှိတော့ဘူး ၊ ဆယ်နာရီ လောက်အထိ ကို တစ်စီးစ ၊ နှစ်စီးစ ရှိသေးတယ် ၊ ဒီထက် အချိန် ကျော်သွားရန် ကားလုံးဝ မရှိတော့ဘူး ၊ အရင်က အောက်ဆိုက် ကားတွေ ရှိတာပဲ ၊ လိုက်ထရပ် ကားတွေနဲ့ ဆွဲတာ ၊ တစ်ယောက်ကို ခရီးအကွာ ဝေးပေါ် မူတည်ပြီး နှစ်ရာ ကနေ ငါးရာ အထိ ပေးစီးရတယ် ၊ အခု လိုင်းကား တွေလည်း မရှိတော့ဘူး ၊ အောက်ဆိုက် ကားတွေက လုံးဝ မရှိတော့ဘူး ....  " ဟု ညပိုင်း ၀န်ထမ်း တစ်ဦးက ပြောကြား ခဲ့သည်။

ရန်ကုန် မြို့တွင်းရှိ စူပါမားကတ် များ ၊ ကုန်ပစ္စည်း အရောင်းဆိုင် များ ၊ စတိုးဆိုင်များ နှင့် အခြားသော ကုမ္ပဏီ များတွင် လုပ်ကိုင်သော ၀န်ထမ်းများ ညပိုင်း ဆယ်နာရီ ကျော်အချိန်မှ အလုပ်ဆင်း ရသည့် အမျိုးသမီး ၀န်ထမ်းများ သည် လုပ်ငန်းခွင် ပြီးဆုံး၍ အိမ်ပြန်ချိန် တွင် သွားလာရေး စနစ် အခက်အခဲ များ ရှိနေကြောင်း သိရသည်။


ယခုအခါ ညပိုင်း အချိန်တွင် အောက်ဆိုက် ကားများမှာ Down Town ၆ မြို့နယ်၏ ပြင်ပတွင်သာ ရှိတော့ကြောင်း သိရှိရသည်။

No comments:

Post a Comment