Pages

Monday, August 19, 2013

လယ်ယာထွက်ကုန် နေ့စဉ်ပေါက်ဈေးနှုန်းများ ဆက်သွယ် မေးမြန်းနိုင်

မကွေး ၊ ၁၉-၈-၂၀၁၃

စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၊ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး နှင့် ကုန်စည်ဒိုင် တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရန်ကုန် ၊ မန္တလေး ၊ မူဆယ် ၊ ပြည် ၊ ဟင်္သာတ ၊ မုံရွာ ၊ မကွေး ၊ ပုသိမ် ကုန်စည်ဒိုင်ကြီး များတွင် လယ်ယာ ထွက်ကုန် သီးနှံ နေ့စဉ် ပေါက်ဈေးနှုန်းများ သိရှိလိုပါက ဆက်သွယ် မေးမြန်းနိုင်ပြီး အလိုအလျှောက် ဖြေကြားစက်မှ ပြန်လည် ဖြေကြား ပေးကြောင်း သိရသည်။

မကွေး ကုန်စည်ဒိုင်ရှိ အလိုအလျှောက် ဖြေကြားစက်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ တွင် တပ်ဆင်ခဲ့ပြီး ခေါ်ဆိုမှု မှတ်တမ်းများအရ နေ့စဉ် ခေါ်ဆိုမှု အကြိမ် ၄၀ မှ ၆၀ အတွင်းရှိကာ သီးနှံ ပေါ်ချိန် ကာလများတွင် မေးမြန်း ခေါ်ဆိုမှု အကြိမ်ရေ ၈၀ မှ ၁၀၀ အထိ ဖြစ်ကြောင်း ၊ မကွေး ကုန်စည်ဒိုင် Facebook စာမျက်နှာ တွင်လည်း ကုန်စည်ဒိုင် သတင်းများ ၀င်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဈေးနှုန်း အလိုအလျှောက် ဖြေကြားစနစ် စတင် ရခြင်းသည် ဥရောပ သမဂ္ဂ ၊ ကမ္ဘာ့ စားနပ် ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့ တို့၏ စားနပ် ရိက္ခာ ဖူလုံမှု ဦးစားပေး အစီအစဉ် တစ်ခုဖြစ်ပြီး စားနပ် ရိက္ခာ ဖူလုံမှု တိုးတက် ကောင်းမွန်ရေး အတွက် သင့်လျော်သော ဆုံးဖြတ်ချက်များ ချနိုင်ရန် သတင်း အချက်အလက် များကို ချိတ်ဆက် ပေးခြင်း စီမံကိန်း ကို အကောင် အထည်ဖော် နေခြင်း ဖြစ်သည်။

ဆက်သွယ် မေးမြန်းနိုင်ရန် အလိုအလျှောက် ဖြေကြားစက် တပ်ဆင် ထားသော ကုန်စည်ဒိုင် ဖုန်းနံပါတ် များမှာ-

ရန်ကုန် ( ဘုရင့်နောင် ) ကုန်စည်ဒိုင် = ၀၁- ၅၂၈ ၉၇၇
မန္တလေး ( ကထိန်တော် ) ကုန်စည်ဒိုင် = ၀၂- ၂၄၅၅၀
မူဆယ် ( ၁၀၅ မိုင် ) ကုန်စည်ဒိုင် = ၀၈၂- ၅၅၃၀၀
ပြည် ကုန်စည်ဒိုင် = ၀၅၃- ၂၄၇၆၅
ဟင်္သာတ ကုန်စည်ဒိုင် = ၀၄၄- ၂၂၄၄၄
မုံရွာ ကုန်စည်ဒိုင် = ၀၇၁- ၂၈၃၃၆
မကွေး ကုန်စည်ဒိုင် = ၀၆၃- ၂၈၄၈၉
ပုသိမ် ကုန်စည်ဒိုင် = ၀၄၂- ၂၃၈၂၁


တို့ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment