Pages

Friday, August 23, 2013

ရာသီချိန်အတွက် ကြိုတင်ကာ ကုန်ကြမ်းများ စုဆောင်းလျက်ရှိ



စစ်ကိုင်း ၊ ၂၃-၈-၂၀၁၃

မင်္ဂလာ ဆောင်ရာသီတွင် ယပ်တောင်များ မှာသလောက် မပို့နိုင်အောင် ကုန်ကြမ်းများ ပျက်လပ်မှုများ ရှိနေတာကြောင့် ယခုအချိန် ကတည်းက ကုန်ကြမ်းများကို စုဆောင်း လုပ်ကိုင် နေကြောင်း ရေကြည်ကျေးရွာ မိရိုးဖလာ ယပ်တောင် လုပ်ငန်းလုပ်ကိုင် နေသူ ရွာခံ ဦးအောင်ကြီး က ပြောကြားသည်။
ကုန်ကြမ်းများကို ပုသိမ်ကြီးမြို့နယ် ရွှေကျင်ရေရွာ မှ ရရှိသည်။ ရွှေကျင်ရေ ကျေးရွာ အနေဖြင့်လည်း အဆိုပါ ကုန်ကြမ်းရှာဖွေ စုဆောင်းသည့် လုပ်ငန်းကို အများစုက လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ၄င်းတို့ထံမှ သယ်ယူ လာသော တစ်ပေခွဲအရှည် တစ်လက်မ ခန့်အပြား ရှိသည့် ၀ါးခြမ်းများကို အချောင်းရေ တစ်ထောင်ကို သုံးထောင်ကျပ် ပေးကာ ၀ယ်ယူရကြောင်း သိရသည်။ ၀ယ်ယူပြီး ၀ါးခြမ်းများကို ယပ်တောင်ကိုင်း အရွယ် ခြမ်းကာ ယပ်တောင် အလပ်များ ဖြာခြင်းကို ဆောင်ရွက်သည်။ ထိုသို့ ဖြာပြီးသည်နှင့် ဈေးကွက်သို့ တင်ပို့ နိုင်ပြီ ဖြစ်ကြောင်း ယပ်တောင် ကုန်းကြမ်း ထုတ်လုပ်သူ ရေကြည်ကျေးရွာ မှ ဦးအောင်ကြည် ယပ်တောင် ကုန်ကြမ်း ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။

တစ်ရွာလုံးနီးပါး ရပ်တောင် လုပ်ငန်းကို တွင်တွင် ကျယ်ကျယ် လုပ်ကိုင် ဆောင်ရွက် နေကြပြီး ၄င်းတို့ကဲ့သို့ ဖြာပြီးသည့် ကုန်ကြမ်း အဆင့်ဖြင့် ဈေးကွက် တင်ပို့မှုမှာ တစ်ရွာလုံးတွင် နှစ်ဦးသာ ရှိပြီး ဈေးကွက် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး တစ်ခုလုံးကို လွှမ်းခြုံ ထားခြင်းကြောင့်  လုပ်သမျှ ရောင်းကုန် သည်ဟု သိရသည်။


အလားတူ မန္တလေး မြို့တွင်းဈေးကွက် သို့လည်း ယခင် ကတည်းက ထိုးဖောက်ထားခြင်းကြောင့် ရာသီဥတု ပူပြင်းသည့် အချိန်များနှင့် မင်္ဂလာဆောင် ၊ အလှူပွဲ နှင့် လူမှုရေး ပွဲများ ပေါများသည့် လများတွင် မည်မျှပင် ပစ္စည်း သိုလှောင်ထား သော်လည်း ပိုသည်မရှိ ရောင်းကုန် သည်ဟု သိရသည်။ တင်ပို့မှု အနေဖြင့် နယ်ဖောက်သည် များမှ ဖုန်းဖြင့် မှာယူပါက ပစ္စည်းပို့ ငွေရှင်းစနစ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း သိရသည်။ ကုန်ကြမ်း ထုတ်လုပ်သည့် ယပ်တောင် အလက်ဖြာကာ ဈေးကွက်သို့ တင်ပို့ နေသူများ မှာလည်း အခြားသော အနုစိတ်ပိုင်း ကို မလုပ်ဆောင် တတ်သောကြောင့် မဟုတ်ဘဲ လုပ်ကိုင်ရန် အချိန်ပေး နိုင်မှု နည်းပါး ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ယပ်တောင် တစ်ချောင်းကို စာရွက် ကပ်ရန်သာ လိုအပ်သည့် အဆင့်ဖြင့် ပေးပို့မှု အနေဖြင့် ဈေးနှုန်းမှာ အချောင်း ၅၀၀ ကိုငွေကျပ် တစ်သောင်းဖြင့် တင်ပို့ကြောင်း သိရသည်။ အဆိုပါ ရေကြည်ကျေးရွာ အနေဖြင့် မိရိုးဖလာ လုပ်ငန်းတစ်ခုကို လက်ဆင့်ကမ်း သယ်ဆောင်ကာ ယနေ့အထိ မပျောက်မပျက် ထိန်းသိမ်းကာ လုပ်ဆောင် နေပြီး သူတစ်ပါးကို အေးမြမှု ပေးသော လုပ်ငန်း တစ်ခုဖြစ်ကာ ဈေးကွက်ဝင် လုပ်ငန်းတစ်ခု ဖြစ်သောကြောင့် ကုသိုလ်လည်းရ ၀မ်းရေးလည်း အဆင်ပြေ သည်ဟု ခံယူကာ ယနေ့အထိ လုပ်ကိုင် ဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။

လက်ရှိတွင် ယပ်တောင် ကုန်ကြမ်းများ ရှားပါး လာသည့်အတွက် မျှင်ဝါး ထွက်ရှိရာ ရွှေကျင်ရေရွာ မှ ပြင်ဦးလွင် မြို့နယ် ပြင်စာဘက် သို့ ကုန်ကြမ်းများ ရှာဖွေ နေရကြောင်း ရေကြည်ကျေးရွာ ယပ်တောင် လုပ်ငန်းသို့ ကုန်ကြမ်း ပို့ဆောင်နေသူ တစ်ဦးက ပြောကြားလည်း သိရှိရသည်။

No comments:

Post a Comment