Pages

Friday, August 30, 2013

နိုင်ငံတကာမှ ပြည်တွင်းသို့ တင်သွင်းသော ကုန်သေတ္တာများ အာဆီယံ အကောက်ခွန်စနစ်ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၀-၈-၂၀၁၃

မြန်မာနိုင်ငံသို့ တင်သွင်း လာသော နိုင်ငံတကာ ကုန်သေတ္တာ များကို အာဆီယံ အကောက်ခွန် စနစ်ဖြင့် ၂ဝ၁၅ ခုနှစ်တွင် စစ်ဆေးနိုင်ရန် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘဏ္ဍာရေး နှင့် အခွန် ဦးစီးဌာန မှ သိရသည်။

အဆိုပါ ကုန်သေတ္တာ များကို MACCA ( Myanmar Automatic Sustoms City System ) နည်းစနစ် ဖြင့် စစ်ဆေးနိုင်ရန် အတွက် နိုင်ငံတကာ နည်းပညာများ လိုအပ် နေသောကြောင့် လက်ရှိတွင် ကုန်သည်များကို ယုံကြည်မှု ပေးနိုင်သော Risk Management စနစ်ဖြင့် ကုန်သေတ္တာ များကို စစ်ဆေးမှုများ ဆောင်ရွက် နေကြောင်း ယင်းဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။


'' နိုင်ငံတကာက ဝင်လာတဲ့ ကုန်သေတ္တာ တွေကို Risk Management စနစ်နဲ့ တင်သွင်း လာတဲ့ လုပ်ငန်းရှင်ရဲ့ မှတ်တမ်းပေါ် မူတည်ပြီးတော့ မဲစနစ်နဲ့ ရွေးချယ် စစ်ဆေးပါတယ် ... ''ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ ယင်းတင်သွင်း လာသော ကုန်သေတ္တာ ပစ္စည်း စာရင်း ကုတ်နံပါတ်နှင့် ကုန်တင်သွင်းမှု မှတ်တမ်းများ အပေါ် မူတည်၍ Green Channel , Yellow Channel နှင့် Red Channel ဟူ၍ ၃ မျိုး ခွဲ စစ်ဆေးကြောင်း နှင့် ယခုကဲ့သို့ နိုင်ငံတကာ နည်းတူ အကောက်ခွန် စစ်ဆေးမှုများ ပြုလုပ် ရခြင်းသည် ၂၀၁၅ ခုနှစ်တွင် အာဆီယံ နိုင်ငံများသို့ လွတ်လပ်စွာ ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန် နိုင်ငံတကာ နည်းတူ အကောက်ခွန် နည်းစနစ်ဖြင့် ပြုလုပ်မှသာ ယုံကြည်မှု ရှိနိုင်ကြောင်း ၄င်း၏ ပြောပြချက် အရ သိရှိရသည်။

No comments:

Post a Comment