Pages

Saturday, August 24, 2013

ရန်ကုန်မြစ်အတွင်း ဘေးအန္တရာယ် ကြုံတွေ့ လာပါက အချိန်တိုအတွင်း ကယ်ဆယ်နိုင်ရေး အထောက်အကူ ပြုရေယာဉ် တိုးချဲ့စီစဉ်


ရန်ကုန် ၊ ၂၃-၈-၂၀၁၃

ရန်ကုန်မြစ် အတွင်း ဘေးအန္တရာယ် ကြုံတွေ့ပါက အချိန်တို အတွင်း ကယ်ဆယ်ရေး လုပ်ငန်း အထောက်အကူပြု ရေယာဉ်များ တည်ဆောက်ခြင်း နှင့် ဝယ်ယူခြင်းများ ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြစ် အတွင်း သင်္ဘောများ တိုက်ခြင်း၊ နစ်မြုပ်ခြင်း စသည့် ဘေးအန္တရာယ် များနှင့်ကြုံတွေ့လာပါက အချိန်တို အတွင်း လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အတွက် ရေယာဉ် များကို ၂၄ နာရီပတ်လုံး တာဝန်ချ
ကာ ဆောင်ရွက်လျက် ရှိကြောင်းနှင့် နိုင်ငံတော်မှ ရရှိသော ဘတ်ဂျက် အနေအထား အရ တွန်းရေယာဉ် ၊ ဆွဲရေယာဉ် နှင့် အထောက်အကူပြု ရေယာဉ်များ ဆောက်လုပ်ခြင်း ၊ ဝယ်ယူခြင်းများ ဆောင်ရွက် သွားရန် စီမံထားကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန မှ ဒုတိယ ၀န်ကြီး  ဦးဇင်ယော်က ပြောကြား ခဲ့သည်။

ရန်ကုန်ဆိပ်ကမ်း အတွင်း ဘေးအန္တရာယ် ကင်းစေရန် လုံလောက်သော ရေအနက် ရရှိရေး အတွက် သောင်တူးဖော်ခြင်း လုပ်ငန်းများကို နေ့စဉ်မပြတ် လုပ်ဆောင်လျက် ရှိကြောင်းနှင့် ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အမြှုပ်ပြ မီးဗေယာ အမြန်ဆုံး ချထားပေးပြီး ရေကြောင်း သတိပေးချက် Notice to Mariner ထုတ်ပြန် ဆောင်ရွက်လျက် ရှိကြောင်း ၊ ရန်ကုန်မြစ် အတွင်းသို့ ၂ဝ၁၂ ခုနှစ်၌ နိုင်ငံပေါင်း ၄ဝ ၏ အလံလွှင့်ထူ ထားသော အပြည်ပြည် ဆိုင်ရာ ကုန်သည် သင်္ဘောကြီး ၁၃၈ဝ စင်း ၊ ၂ဝ၁၃ ခုနှစ် ဇွန်လကုန် အထိ နိုင်ငံပေါင်း ၃၅ နိုင်ငံ၏ အလံ လွှင့်ထူထား သည့် အပြည်ပြည် ဆိုင်ရာသွား ကုန်သွယ် သင်္ဘောကြီး ၉၈၉ စင်း

ကို Clearance for outward လက်မှတ်များ ထုတ်ပေး ထားကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

No comments:

Post a Comment