Pages

Wednesday, July 10, 2013

၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်း ပညာရေး NFPE လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


မော်လမြိုင် ၊ ၁၀-၇-၂၀၁၃

မွန်ပြည်နယ် ၊ မော်လမြိုင်မြိုက ၊ မရမ်းကုန်း ရပ်ကွက် ၊အထက် လမ်းမကြီးရှိ အထက(၆) ရတနာမွန် ခန်းမတွင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ အချိန်က ၂၀၁၃- ၂၀၁၄ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်း ပညာရေး NFPE လုပ်ငန်း ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ၀န်ကြီးချုပ် ဦးအုန်းမြင့် နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဌေးလွင် ၊ အမှတ်(၁) အခြေခံပညာ ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးဝင်း ၊ မွန်ပြည်နယ် တရားသူကြီးချုပ် ဦးခင်မောင်ကြီး ၊ ပြည်နယ် ဥပဒေချုပ် ဦးဝင်းကြည် ၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း ၊ ပြည်နယ် / ခရိုင် / မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ ကျောင်းအုပ်ကြီးများ ၊ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ ၊ ဆရာ ဆရာမများ ၊ ကျောင်းပြင် မူလတန်း ပညာရေး ကျောင်းသား ကျောင်းသူများ နှင့် ဆရာ ဆရာမများ ၊ NGO အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။


အခမ်းအနား တွင် ၀န်ကြီးချုပ် ဦးအုန်းမြင့် မှ အဖွင့် အမှာစကား ပြောကြားပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း မှ ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်းစဉ် များအား ဆွေးနွေးခြင်း ၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူး ဦးမင်းထွန်းတင် မှ မွန်ပြည်နယ် အတွင်းရှိ ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေ များအား ရှင်းလင်း ဆွေးနွေးခြင်း ၊ မွန်ပြည်နယ် ၁၀ မြို့နယ် အုပ်ချုပ်ရေးမှူး များ လှူဒါန်းသော အလှူငွေများအား ၀န်ကြီးချုပ် နှင့် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တို့မှ လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခြင်း ၊ ၄င်းနောက် ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း မှ မြို့နယ် အုပ်ချုပ်ရေးမှူး များအား မြို့နယ် ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာ များအား ပေးအပ်ခြင်း ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း မှ၂၀၁၂ -၂၀၁၃ ပညာသင်နှစ် စွမ်းဆောင်ရည် အကောင်းဆုံး အခြေစိုက် စခန်းများအား ဆုချီးမြှင့်ခြင်း ၊ လုံ/နယ် ၀န်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် မှ ထူးချွန်သော သင်တန်းသား ပထမအဆင့် ကျောင်းသား ကျောင်းသူ ၅ ဦး နှင့် ဒုတိယ အဆင့် ကျောင်းသား ကျောင်းသူ ၅ ဦးတို့အား ဆုများ ချီးမြှင့်ခြင်း ၊ မော်လမြိုင် မြို့နယ် ကျောင်းပြင်ပ မူလတန်း ပညာရေး သင်တန်းသူ မနှင်းဝါစိုး မှ ကျေးဇူးတင် စကား ပြန်လည် ပြောကြားပြီး ကျောင်းပြင်ပ မူလတန်း ပညာရေး NFPE လုပ်ငန်းဖွင့်ပွဲ အခမ်းအနား ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment