Pages

Monday, July 1, 2013

မြန်မာမင်း ဘိုးတော်ဘုရား လက်ထက် က တည်ဆောက်ခဲ့သော ထိုင်းဘုရင်ဟောင်း မဟာထေရ်ဥဒုမ္ဗရ ၏ လင်းဇင်း သင်္ချိုင်း စေတီတော် ကို ပြုပြင်မွမ်းမံ၍ Historial Park တည်ဆောက်ရန် စီစဉ်လျက်ရှိ


မန္တလေး ၊ ၁-၇-၂၀၁၃

မန္တလေးတိုင်း ဒေသကြီး ၊ အမရပူရ မြို့နယ် ၊ လင်းဇင်းကုန်းရပ် ရှိ ဘိုးတော်ဘုရား လက်ထက်က တည်ဆောက် ခဲ့သော ထိုင်းဘုရင်ဟောင်း မဟာထေရ် ဥဒုမ္ဗရ ၏ သင်္ချိုင်း စေတီတော်ကို ပြုပြင် မွမ်းမံ၍ Historial Park တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လင်းဇင်းကုန်းရပ် ရှိ ထိုင်းဘုရင်ဟောင်း ဥဒုမ္ဗရ ၏ သင်္ချိုင်းစေတီတော် တွင် ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က ထိုင်းဘုရင်ဟောင်း သင်္ချိုင်း စေတီတော် ပြန်လည် ဖော်ထုတ်ရေး မြန်မာ ကော်မတီအဖွဲ့ မှ သမ္ပ၀တီ ဦးဝင်းမောင် ပါဝင်သော ၆ ဦးအဖွဲ့နှင့် ထိုင်းကော်မတီ အဖွဲ့မှ Mr. Mickey Heart ဦးဆောင်သော ရှေးဟောင်း ပညာရှင်များ ၊ အင်ဂျင်နီယာ ပညာရှင်များ ပါဝင်သော အဖွဲ့တို့ ပူးပေါင်း၍ ထိုင်းဘုရင်ဟောင်း ဥဒုမ္ဗရ ၏ သင်္ချိုင်းစေတီတော် ပြုပြင် မွမ်းမံရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။


ရှင်းလင်းပွဲတွင် တမ္ပ၀တီ ဦးဝင်းမောင် မှ ဥဒုမ္ဗရ ၏ သင်္ချိုင်းတော် ကို တူးဖော်တွေ့ရှိ စဉ်က အထောက်အထား များမှာ ဦးခေါင်းခွံရိုး မှာ အမျိုးသား တစ်ဦး၏ ဦးခေါင်းခွံ ဖြစ်ခြင်း ၊ အရိုး၏ သက်တမ်းကို ကြည့်၍ ကွယ်လွန်စဉ်က သက်တော် ၆၀ နှစ်ခန့် ရှိခြင်း ၊ အရိုးအိုး တွင် ပတ်ထားသော သင်္ကန်းစ နှင့် အရိုးအိုး အတွင်းတွင် တွေ့ရသော ခါးပန်းကြိုး ၊ ခါးပန်းသီး တို့ တွေ့ရှိမှုအပေါ် သေဆုံးခဲ့ သူမှာ သံဃာတော် တစ်ပါးဟု ယူဆရခြင်း ၊ အုတ်ဂူတော် အတွင်း တွေ့ရသော မှန်စီရွှေချ သစ်သား ခြောက်မြှောင်း ကွန်ကလပ်မှာ ဘိုးတော်ဘုရား ကိုယ်တိုင် ချီးမြှင့် ပေးသနား ခဲ့သည့် အထောက်အထား များ တွေ့ရှိရခြင်း ကြောင့် လင်းဇင်း သင်္ချိုင်း စေတီတော် မှာ ထိုင်းဘုရင်ဟောင်း ဥဒုမ္ဗရ ၏ သင်္ချိုင်းစေတီတော် ဖြစ်သည်ဟု သတ်မှတ် ထားပါကြောင်း ၊ ထို့ အတွက်ကြောင့် ရှေးဟောင်း သမိုင်း အထောက်အထားများ မပျက်စီး စေရန် ၊ နိုင်ငံခြားသား ခရီးသည် များစွာ လေ့လာနိုင်၍ တိုင်းဒေသကြီး အခွန်ငွေများ ရရှိစေနိုင်ခြင်း ၊ အမရပူရ မြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ သင်္ချိုင်း စေတီတော် တစ်ဝိုက် ဧက ၂၀ ခန့်အား Historial Park တည်ဆောက်ရန် သက်ဆိုင်ရာ သို့ ခွင့်ပြုမိန့် တောင်းခံ ထားပါကြောင်း နှင့် တက်ရောက် လာကြသော သတင်း မီဒီယာများ၏ သိရှိ လိုသည်များကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment