Pages

Monday, July 1, 2013

လေယာဉ်ဆီ တင်သွင်းဖြန့်ချိခြင်း လုပ်ငန်းနှင့် CNG အရောင်းဆိုင်များအား ပုဂ္ဂလိက လုပ်ကိုင်ခွင့် ရရှိမည်


ရန်ကုန် ၊ ၁-၇-၂၀၁၃

နိုင်ငံတကာ သတ်မှတ် အရည်အသွေး ၊ စံချိန်စံညွှန်း များနှင့် လေယာဉ်ဆီ များကို ပြည်ပမှ တင်သွင်း ဖြန့်ဖြူးနိုင်ရန် ပြည်တွင်း ပြည် ကုမ္ပဏီ နှင့် အဖွဲ့အစည်း များကို လုပ်ကိုင်ခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် CNG သဘာဝ ဓာတ်ငွေ့ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း များကိုလည်း ပုဂ္ဂလိက များ လုပ်ကိုင်ခွင့် ပေးရန် စီစဉ် နေကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ သိရသည်။

လေယာဉ်ဆီများ တင်သွင်း ဖြန့်ဖြူး နိုင်ရန်အတွက် စွမ်းအင် ၀န်ကြီးဌာန က အဆိုပြုလွှာများ ခေါ်ယူထား သကဲ့သို့ CNG သဘာဝ ဓာတ်ငွေ့ အရောင်းဆိုင် များကိုလည်း အသစ်ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကာ ပုဂ္ဂလိက များကို လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်သည်။


မြန်မာနိုင်ငံ တွင် လေကြောင်းလိုင်း များအနေဖြင့် ပြည်တွင်း လေကြောင်းလိုင်း ၇ လိုင်းရှိပြီး ပြည်ပမှ ၀င်ရောက် ပျံသန်း နေသော လေယာဉ်လိုင်း ပေါင်း ၂၂ လိုင်းအထိ ရှိလာပြီ ဖြစ်သည်။ အဆိုပါ လေကြောင်းလိုင်း များအတွက် လေယာဉ်ဆီ များ ဖြန့်ဖြူး ပေးမှုကို ပုဂ္ဂလိက များအနေဖြင့် လုပ်ပိုင်ခွင့် များ ရရှိလာမည် ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံး တွင်ရှိ CNG အရောင်းများမှာ ရန်ကုန်တွင် ၄၀ ဆိုင် ၊ မန္တလေးတွင် ၂ ဆိုင် ၊ ရေနံချောင်းတွင် ၂ ဆိုင် နှင့် ချောက်တွင် တစ်ဆိုင် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment