Pages

Wednesday, July 24, 2013

အဆင့်မြင့်ဘတ်စ်ကားများ ပြေးဆွဲမည့် BRT စနစ်အား လုပ်ကိုင်ခွင့် ရရှိပါက ကုန်းလမ်းပို့ဆောင်ရေး မှ လုပ်ကိုင်လို


ရန်ကုန် ၊ ၂၄-၇-၂၀၁၃

ရန်ကုန်မြို့တွင် မကြာခင် အကောင် အထည်ဖော် လုပ်ဆောင်မည့် သီးခြား အဆင့်မြင့် ဘတ်စ်ကား အမြန်ယာဉ်လိုင်း ပြေးဆွဲမည့် လုပ်ငန်း တစ်ခုဖြစ်သည့် BRT စနစ်ကို လုပ်ကိုင်ခွင့် ရရှိပါက ကုန်းလမ်း ပို့ဆောင်ရေး ( ကပရ ) မှ လုပ်ကိုင်လိုကြောင်း ကုန်းလမ်း ပို့ဆောင်ရေး မှ ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင် က ပြောကြား ခဲ့သည်။

" ကုန်းလမ်း ပို့ဆောင်ရေး အနေနဲ့ BRT စနစ်ကို လုပ်ကိုင်ခွင့် ရရင် လုပ်ချင်ပါတယ် ၊ BRT စနစ်က ကားအကောင်းစား တွေနဲ့ ပြေးဆွဲမှာ ဖြစ်လို့ ကုန်ကျမယ့် စရိတ်ကလည်း မြင့်မား နိုင်ပါတယ် ၊ ဒါပေမယ့် လုပ်ကိုင်ခွင့် ရမယ် ဆိုရင်တော့ လုပ်ကိုင် ချင်ပါတယ် .... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်း ပို့ဆောင်ရေး ဌာန ( ကပရ ) အနေဖြင့် ယခင်ကာလ များတွင် ရန်ကုန်နှင့် အခြားမြို့ကြီး များ၌ ခရီးသွား လုပ်ငန်းများ အပါအ၀င် တက္ကစီ လုပ်ငန်း ၊ ကုန်တင်ကား လုပ်ငန်း ၊ အဝေးပြေး ကားလုပ်ငန်း နှင့် ကားပြင်ဆင်ခြင်း လုပ်ငန်းများကို လုပ်ကိုင် ခဲ့သော်လည်း နောက်ပိုင်းတွင် အရှုံးပြ ခဲ့သည့်အတွက် လုပ်ကိုင် နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ ကုန်းလမ်း ပို့ဆောင်ရေး ဌာနတွင် ရှိသည့် ကားများမှာ လက်ရှိ အချိန်တွင် နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိသည့် ကားအို ၊ ကားဟောင်းများ ဖြစ်နေသည့် အတွက် လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲရန် မဖြစ်နိုင် တော့သည့် အတွက် လုပ်ငန်းများကို ရပ်ဆိုင်း ခဲ့ရခြင်း ဖြစ်ကြောင်း ၊ BRT စနစ်ဖြင့် လုပ်ကိုင်ခွင့် ရပါက အဆင့်မြင့် ကားများအား တင်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် အတွင်း ခရီးသည်တင် ဘတ်စ်ကား များကို အဆင့်မြှင့် ပြေးဆွဲသည့် BRT ( Bus Rapid Transit ) စနစ်ကို ယခုနှစ် အော်တိုဘာလ အတွင်း အကောင် အထည်ဖော် နိုင်ရန် လျာထား စီစဉ်လျက် ရှိကြောင်း ၊ အလားတူ ဘတ်စ်ကား သီးသန့် ပြေးဆွဲသည့် လမ်းကြောင်း ကိုပါ စတင် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန် ဆောင်ရွက် နေကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။


BRT ယာဉ်လိုင်းစနစ် သည် လုံခြုံမှု ရှိခြင်း ၊ သပ်ရပ် ကောင်းမွန်ခြင်း ၊ လူတန်းစား အလွှာ ပေါင်းစုံ စီးနိုင်ခြင်း ၊ အချိန်မှန် ပြေးဆွဲနိုင်ခြင်း ၊ ပြေးဆွဲမည့် ယာဉ်များကို ယာဉ်ပိုင်ရှင် များ၏ အဆင့်မြင့် ကားများကိုသာ ပြေးဆွဲစေခြင်း ၊ BRT စနစ်သစ်ကို ရှေ့ပြေး အစီအစဉ် အရ ပြည်လမ်း ကို ပထမဆုံး အနေဖြင့် စမ်းသပ် ပြေးဆွဲမည် ဖြစ်ပြီး စတင်ပြေးဆွဲချိန် တွင် အဆင့်မြင့် ဘတ်စ်ကား အစီး ၅၀ အသုံးပြုပြီး ၃ မိနစ်ခြား တစ်စီး ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment