Pages

Tuesday, July 2, 2013

ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာပြပွဲ ၂၀၁၃ ကျင်းပမည်


ရန်ကုန် ၊ ၂-၇-၂၀၁၃

ပညာရေးကို စိတ်ပါ ၀င်စားသော ကျောင်းသား ကျောင်းသူများ ၊ အလုပ်အကိုင် လိုအပ် နေသူများ နှင့် အနာဂတ် အတွက် အခွင့်အလမ်းကောင်း များကို ရှာဖွေ နေကြသူများ အားလုံးအတွက် ရည်ရွယ်ကာ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာပြပွဲ ၂၀၁၃ ကို ရန်ကုန်မြို့ ရှိ MCC ( Myanmar Convention Center ) ခန်းမဆောင်ကြီး ၌ လာမည့် ဇူလိုင် ၅ ရက်မှ ၈ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း ကျင်းပမည် ဖြစ်ရာ စိတ်ပါ ၀င်စားသူ မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်း သိရသည်။

ပြပွဲတွင် MBA ဘာသာရပ် ဆိုင်ရာ သင်တန်းကျောင်း များ ၊ IT နည်းပညာ အချက်အလက် ဆိုင်ရာ သင်တန်းကျောင်း များ ၊ Pre-school များ ၊ ပြည်တွင်း ပြည်ပမှ တက္ကသိုလ်များ ၊ ပြည်တွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း များ ၊ ပညာရေး ၀န်ဆောင်မှု အေဂျင်စီများ ၊ အနုပညာ ဆိုင်ရာ သင်တန်း ကျောင်းများ ၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ကုမ္ပဏီများ ၊ အလုပ်ရှာဖွေရေး ၀န်ဆောင်မှု အေဂျင်စီများ နှင့် ပြည်တွင်း ပြည်ပ သင်တန်းကျောင်း များမှ ၄င်းတို့နှင့် ဆိုင်ရာ ကဏ္ဍများကို ပါဝင် ရှင်းလင်းပြသ ကြမည်ဖြစ်သည်။ ထို့အပြင် ဒေါက်တာ အောင်ထွန်းသက် ၊ ဒေါက်တာ မြင့်ဦး (GP) ၊ ဆရာ ချစ်ဦးညို နှင့် အခြားသော ဘာသာရပ် ဆိုင်ရာ ပါမောက္ခများ ၏ ပညာရေး ဆိုင်ရာ ဟောပြောပွဲ များကိုလည်း ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။


ပြပွဲ ဖြစ်မြောက်ရေး အတွက် Dagon Exhibitions မှနေ၍ တာဝန်ယူ စုစည်း ဆောင်ရွက် ပေးထားခြင်း ဖြစ်ပြီး စုံစမ်း လိုပါက ဖုန်း ၀၉- ၃၁၀၆ ၁၁၃၄ သို့ ဆက်သွယ် စုံစမ်း နိုင်ပြီး www.events-educationandcareer.com ၀က်ဘ်ဆိုက် အတွင်းသို့လည်း ၀င်ရောက် လေ့လာ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment