Pages

Thursday, July 4, 2013

အမေရိကန်နိုင်ငံ ၏ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုအပေါ် ပါကစ္စတန် နိုင်ငံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ခြင်း

US Drone attacks on Pakistan

၎-၇-၂၀၁၃

ပါကစ္စတန်နိုင်ငံ Waziristan မျိုးနွယ်စု ဒေသရှိ Miranshah မြို့အနီး Danda Derpa Khen နယ်မြေ၌ ဇူလိုင်လ ၃ ရက်နေ့ အစောပိုင်းတွင် အမေရိကန် နိုင်ငံမှ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၁၇ ဦး သေဆုံး ခဲ့ခြင်းနှင့် ပတ်သက်၍ ပါကစ္စတန် နိုင်ငံက အမေရိကန် နိုင်ငံအပေါ် ပြင်းထန်စွာ ပြစ်တင် ရှုတ်ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ပုဒ် အရ သိရသည်။

အမေရိကန် နိုင်ငံ၏ အဆိုပါ တိုက်ခိုက်မှု သည် ပါကစ္စတန် နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုကို ထိပါး စော်ကားခြင်း ဖြစ်ကြောင်း ၊ အပြစ်မဲ့ ပြည်သူများ၏ အသက် အိုးအိမ်များ ၊ လူ့အခွင့်အရေး များနှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာများ ဆုံးရှုံး ရသည့်အတွက် အကျိုးရှိသည့် လုပ်ရပ် မဟုတ်ကြောင်း နှင့် ယင်းသို့ တိုက်ခိုက်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ၊ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဆက်ဆံမှု နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှု တို့အား အနုတ် လက္ခဏာ ဆောင်စေကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြား ခဲ့သည်။


စစ်သွေးကြွ အဖွဲ့များသည် ပါကစ္စတန် မျိုးနွယ်စု ဒေသများအား အသုံးပြု၍ အာဖဂန်နစ္စတန် နယ်စပ်ဒေသ တစ်လျှောက် တိုက်ခိုက်မှုများ ပြုလုပ်ရန် စီမံချက် ရှိသည်ဟူသော အကြောင်းပြချက် ဖြင့် အမေရိကန် နိုင်ငံသည် ၄င်းဒေသအတွင်း မောင်းသူမဲ့ လေယာဉ်များ ၊ ဒုံးပျုံများ အသုံးပြု၍ မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ မျိုးနွယ်စုများ အပေါ် အမေရိကန် နိုင်ငံ၏ မောင်းသူမဲ့ လေယာဉ်များ အသုံးပြု တိုက်ခိုက်မှု များသည် ၂၀၁၀ ခုနှစ်တွင် ၁၁၅ ကြိမ် ၊ ၂၀၁၁ ခုနှစ်တွင် ၆၂ ကြိမ် ၊ ၂၀၁၂ ခှုနှစ်တွင် ၄၅ ကြိမ်နှင့် ၂၀၁၃ ခုနှစ်တွင် လက်ရှိ အချိန်အထိ ၁၄ ကြိမ် ရှိကြောင်း ပါကစ္စတန် ၀န်ကြီးချုပ် ၏ နိုင်ငံတကာ ရေးရာ နှင့် အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး Sartaj Aziz က ပြောကြား ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment