Pages

Wednesday, July 3, 2013

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ ( စံပြအလှမယ် )

စံပြအလှမယ် ( MODEL ) တင်မိုးလွင်

ပထမ - ဇင်နွယ်နီဟိန်း



ယခုလ စံပြအလှမယ် ( MODEL ) ဓာတ်ပုံ ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၁၂၄ ပုံအထိ စံချိန်တင် ပေးပို့ ယှဉ်ပြိုင် ကြသည်။ စံချိန်တင် ဓာတ်ပုံပေါင်း များပြားစွာ အနက်မှ ပထမဆု ကို လူသစ် တစ်ဦးဖြစ်သူ ဇင်နွယ်နီဟိန်း မှ ရယူ သွားသည်။ ဆုရပုံမှာ စံပြအလှမယ် အား ရိုးရှင်းစွာ မတ်တပ်ရပ် အနေအထားဖြင့် ရိုက်ကူး ထားသည်။ နောက်ခံ အနက်တွင် နေရောင် ဆန့်ကျင်အလင်း ရိုက်ယူ ထားပါ၍ ထီးကိုင်လျက် စံပြမယ် ၏ မခို့တရို့ပုံ မှ လုံးကြွ ပေါ်လွင် စေသည်။

ဒုတိယ - ဇော်ဇော်ထွန်း



ဒုတိယဆုရှင် ဇော်ဇော်ထွန်း ၏ ဆုရ ဓာတ်ပုံမှာ စံပြမယ်အား သုံးချိုး နှစ်ချိုး အတည့် မတ်တပ်ရပ် အနေအထား ဖြင့် ရိုက်ကူး ထားသည်။ စံပြမယ် အား ခေတ်မီ အင်္ကျီ အလှမြင့် နောက်ခံ အနက်တွင် ပေါ်လွင်စွာ ရိုက်ယူနိုင်သည်။ ဆံပင်ပေါ်သို့ ကျနေသည့် Top Light အလင်းကြောင့် ဖြစ်ပေါ်မှု နှင့် ကင်မရာသို့ အတည့်ကြည့် နေပုံမှာလည်း ပုံကို ထူးခြား လှပ စေသည်။ ခါးထောက် ထားသည့် ဘယ်လက် အနေအထား မှန်ကန် လှပ နေသော်လည်း ညာလက် အနေအထား ကို ယခု အနေထက် တစ်မျိုး ပြုပြင် ထားသိုပါက ပိုမို ကောင်းမွန် မည်ဟု ယူဆ မိသည်။

တတိယ - ကိုကိုဆန်နီ ( သိင်္ဂီရွှေရည် ))



မန္တလေးမြို့ မှ ရန်ကုန်မြို့ သို့ ပြောင်းရွေ့ အခြေချ လာသည့် ဓာတ်ပုံ ပညာရှင် ကိုကိုဆန်နီ ၏ တတိယ ဆုရဓာတ်ပုံ ဖြစ်သည်။ ခေတ်ပေါ် ၀ါးထီးအလှ ကို ပုခုံးတွင် မှေးတင်၍ စံပြမယ်အား ကန့်လန့်ဖြတ် ရိုက်ယူထားသည်။ ထီးအပြာအား ကန့်လန့်ဖြတ် နေရာပေးပုံ နှင့် ထီးကိုင်လက် အနေအထားများ လှပ မှန်ကန်သည်။ မျက်နှာပေါ်သို့ အလင်းပေးပုံ မှာ အများနှင့် ရိုက်ကြသည် ဖြစ်၍ သင့်ရုံသာ ရှိသည်။ မျက်နှာသို့ ကျသည့် ပြန်လင်းတန်း မှာ အောက်မှ အပေါ်သို့ ပင့်ထိုးသည့် အနေဖြစ်၍ ယခုထက် ပြုပြင် အလင်းပေး ပါက ပိုမို ကောင်းမွန်မည် ဖြစ်သည်။

ညောင်ဦး ဖိုးချို ( Hon: MPS, FMPS, PMPS ) မြန်မာနိုင်ငံ ဓာတ်ပုံအသင်း


(( ၂၀၁၃ ခုနှစ် ဇူလိုင်လထုတ် ၅၃ နှစ်မြောက် အထူးထုတ် ငွေတာရီမဂ္ဂဇင်း ဓာတ်ပုံကဏ္ဍ ))

No comments:

Post a Comment