Pages

▼

Tuesday, July 30, 2013

ကံဘဲ့ဘူတာရှိ သံလမ်းခုံးကျော်တံတား စတင်ပြုပြင်


ရန်ကုန် ၊ ၃၀-၇-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြိး ၊ ရန်ကင်းမြို့နယ် ၊ ကံဘဲ့ဘူတာရှိ သံချေးများ တက်ကာ ဟောင်းနွမ်း ပျက်စီးနေပြီ ဖြစ်သော သံလမ်း ခုံးကျော်တံတား ကို သက်ဆိုင်ရာ မှ တာဝန်ရှိ သူများက စတင် ပြုပြင် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။ ထို ခုံးကျော်တံတား သည် ရှေးလွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက သံထည်များဖြင့် ဆောက်လုပ် ထားခဲ့သော တံတားဟောင်း တစ်ခုဖြစ်ပြီး ယခုအခါ တံတားတွင် တပ်ဆင်ထားသော သံထုတ်တန်း များ ၊ ဒေါက်တိုင် များသည် အလွန် ဆွေးမြေ့ နေပြီဖြစ်ကာ အသုံးပြု သူများအတွက် အန္တရာယ် ရှိသော အနေအထား တွင် ရှိသဖြင့် သက်ဆိုင်ရာ မြန်မာ့ မီးရထား ဌာန၏ ကြီးကြပ်မှု ဖြင့် ပြုပြင် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြုပြင်ရာတွင် လျှောက်လမ်း ကြမ်းခင်းများ အမှီပြု ခင်းထားရာ သံထုတ်တန်း အတော်များများ မှာ ဆက်လက် အသုံးမပြု သင့်တော့ လောက်အောင် သံချေးတက် ဆွေးမြေ့ နေပြီဖြစ် သော်လည်း ၄င်းတို့ကို အသစ် ပြန်လည် အစားထိုးခြင်း မရှိဘဲ ကြမ်းခင်းများ ကိုသာ အဓိကထား ပြုပြင် နေသည့် အတွက် အနီးရှိ ဒေသခံများက အဆိုပါ တံတားကို ပြုပြင် ပြီးပါကလည်း အသုံးပြု နေစဉ်တွင် အန္တရာယ် တစ်စုံတစ်ခု ဖြစ်လာမည်ကို စိုးရိမ် မကင်း ဖြစ်နေကြသည်။

ထို့အပြင် ရက်ကွက်နေ ပြည်သူတစ်ဦး ကလည်း " ဒီတံတားကြီးက အတော်လည်း ကြာ အတော်လည်း ဆွေးနေပြီဗျ ၊ မြင်တဲ့ အတိုင်းပဲ သံဖရိန်တွေ အတော် များများကို အသစ်ပြန်လဲ ၊ ဒါမှမဟုတ် တံတား တစ်ခုလုံး နီးပါးကို အသစ် ပြန်ဆောက်မှပဲ အဆင်ပြေမှာ ၊ အဲဒီလိုမှ မဟုတ်ရင် တံတား ပြန်ပြင် ပြီးလည်း အသုံးပြုဖို့ ဆိုတာ အဆင် မပြေနိုင်ပါဘူး ၊ အန္တရာယ် များလွန်းတယ် ၊ လျှောက်လမ်း ကြမ်းခင်းတုံး တွေတင် ခင်းထားတဲ့ တန်းတွေ ဆိုရင် အတော်ဆွေး နေတာ ၊ လူတက်ဖို့ မပြောနဲ့ ၊ ကြမ်းခင်းတုံး တွေဝိတ်နဲ့တင် တော်တော် လေးနေပြီ ၊ လူပါ တက်လျှောက် လိုက်ရ်င အန္တရာယ် ရှိလာနိုင်တယ် ၊ သေသေချာချာ မပြင်နိုင် လို့ကတော့ တော်တော်လေး ကို အန္တရာယ် များလွန်းပါတယ် .... " ဟု ပြောကြား ခဲ့ကြောင်း သိရှိရသည်။


The Myawady Daily

No comments:

Post a Comment