Pages

Thursday, July 11, 2013

မြန်မာ - အိန္ဒိယ နယ်စပ်တွင် နယ်စပ်ဈေးများ ဖွင့်လှစ်သွားဖွယ်ရှိ


စစ်ကိုင်း ၊ ၁၁-၇-၂၀၁၃

မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့ကြား နှစ်နိုင်ငံ နယ်စပ်ဖြစ်ကျော် ကူးသန်း ရောင်းဝယ်မှု နှင့် ချစ်ကြည် ရင်းနှီးမှု ခိုင်မာ တိုးတက်စေရန် အတွက် မြန်မာ - အိန္ဒိယ နယ်စပ်တွင် နယ်စပ်ဈေးများ ဖွင့်လှစ် နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ် ၀န်ကြီးချုပ် ၏ ကမ်းလှမ်းချက် ကို လက်ခံကာ နယ်စပ် တစ်လျှောက်တွင် နယ်စပ်ဈေး ၁၀ ဈေးခန့် ဖွင့်လှစ် သွားဖွယ် ရှိနေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရသည်။

" မြန်မာ နဲ့ အိန္ဒိယ နယ်စပ်မှာ နယ်စပ်ဈေးတွေ ဖွင့်ဖို့ အိန္ဒိယ ဘက်က ကမ်းလှမ်း လာတာ ရှိပါတယ် ၊ ဈေးဖွင့်လိုတဲ့ နေရာကို ကွင်းဆင်း စစ်ဆေး တာတို့ နှစ်နိုင်ငံ တာဝန်ရှိ သူတွေ ထပ်ညှိနှိုင်း ပြီးတော့မှသာ သေသေချာချာ ပြောနိုင်မှာပါ ၊ မြန်မာနိုင်ငံ ဘက်ခြမ်း ကတော့ ခင်မန်း ၊ လေးလက် ၊ ဒါရ်ခိုင်း ၊ တီအို ၊ ဖာရ်တာန် အဲဒါတွေနဲ့ ကပ်နေတဲ့ အိန္ဒိယဘက်က ဘီဟိုင် ၊ ဗာဖိုင်း ၊ ဟန်လန်း ၊ ပန်ကွာ ၊ ဇိုတဲ အဲဒီ နေရာတွေမှာ နယ်စပ်ဈေး တွေဖွင့်ဖို့ အတွက် လျာထားချက် ရှိပါတယ် .... " ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ယင်းဒေသများ အပြင် မြန်မာဘက်မှ ဆွန်မရာ ၊ ရန်ခွင်း ၊ ပုံညို ၊ ခမ်းပတ် နှင့် တစ်ဆက်တည်း ရှိသည့် အိန္ဒိယဘက် မှ အာဗာခမ်း ၊ ပန်ရှာ ၊ ချီမိုးဟို နှင့် နယူးဆွမ်တဲ တို့သည်လည်း နယ်စပ်ဈေးများ ဖွင့်ရန် လျာထား နေရာများ ဖြစ်ကြောင်း သိရသည်။


မြန်မာ နှင့် အိန္ဒိယ တို့အကြား နယ်စပ် ကုန်သွယ်မှု စခန်းများကို ၁၉၉၅ ခုနှစ်တွင် မြန်မာနယ်စပ် တမူး နှင့် အိန္ဒိယ နယ်စပ် မိုရေး တွင်လည်းကောင်း ၂၀၀၃ ခုနှစ်တွင် မြန်မာနယ်စပ် ရိဒ် နှင့် အိန္ဒိယ နယ်စပ် ချန်ပိုင် တို့တွင် လည်းကောင်း ဖွင့်လှစ် နိုင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အတွင်း တမူး နယ်စပ်မှ မြန်မာ ပို့ကုန်သည် ၈၂ ရာခိုင်နှုန်း မှ ၆၃ ရာခိုင်နှုန်း အထိ ကျဆင်း သွားခဲ့ပြီး အိန္ဒိယမှ သွင်းကုန်မှာ ၁၈ ရာခိုင်နှုန်း မှ ၃၇ ရာခိုင်နှုန်း အထိ မြင့်တက် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment