Pages

Thursday, July 18, 2013

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျောက်မျက် ရတနာပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၁၈-၇-၂၀၁၃

ရန်ကုန်မြို့ တွင် ၂၀၁၃ ခုနှစ် ကျောက်မျက် ရတနာပြပွဲ Gems & Jewellery Expo' 2013 ကို လာမည့် ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဆီဒိုးနားဟိုတယ် ၌ ကျင်းပရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြပွဲတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရွှေဆိုင်များ ၊ ကျောက်မျက် ရတနာဆိုင်များ ၊ ကျောက်မျက် ရတနာ ကုမ္ပဏီများ နှင့် ပန်းတိမ်သုံး ပစ္စည်း ကိရိယာများ ရောင်းချသော ကုမ္ပဏီများ က ၄င်းတို့၏ ရွှေထည် လက်ရာပစ္စည်း များနှင့် ကျောက်မျက် ရတနာများဖြင့် စီခြယ် ထားသော လက်ဝတ် လက်စား ရတနာပစ္စည်း များကို အသီးသီး လာရောက် ပြသကြမည့် အပြင် နိုင်ငံတကာ မှ ကျောက်မျက် ရတနာများနှင့် ကုမ္ပဏီ အချို့လည် ပါဝင် ပြသကြမည် ဟု သိရသည်။

အဆိုပါ ကျောက်မျက် ရတနာ ပြပွဲကို စုစည်း အကောင် အထည်ဖော် တင်ဆက်သူ အဖြစ် T.I.T Co., Ltd မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး ပြပွဲတွင် ပါဝင် ပြသလိုသော ရွှေဆိုင်များ ၊ ကျောက်မျက် ရတနာဆိုင် များနှင့် ကုမ္ပဏီများ သည် ၄င်း ကုမ္ပဏီသို့ လူကိုယ်တိုင် လာရောက် ဆက်သွယ် နိုင်ပြီး ဖုန်း ၀၁- ၂၄၉ ၇၄၅ ၊ ၀၉- ၄၃၀ ၈၉၀၁၁ ၊ ၀၉- ၉၁၀ ၁၀၀၉၈ နှင့် ၀၉- ၄၂၃၇ ၄၂၉၁၆ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။


အဆိုပါ ကျောက်မျက် ရတနာပြပွဲ ကျင်းပရာ ရက်များတွင် ဆီဒိုးနားဟိုတယ် Grand Ballroom ခန်းမဆောင်ကြီး ၌ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment