Pages

Tuesday, July 9, 2013

ဆန်ဖရန်စစ္စကို လေယာဉ်ပျက်ကျမှုတွင် သေဆုံး ဒဏ်ရာရရှိခဲ့သော တရုတ်နိုင်ငံသားများ အတွက် တရုတ်သမ္မတ က ၀မ်းနည်းကြောင်း ပြောကြားခဲ့ခြင်း



၉-၇-၂၀၁၃

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ဇူလိုင်လ ၇ ရက်နေ့တွင် ဆန်ဖရန်စစ္စကို လေဆိပ်၌ ဖြစ်ပွားခဲ့သည့် လေယာဉ် ပျက်ကျသော ဖြစ်စဉ်တွင် တရုတ်နိုင်ငံသား ၂ ဦး သေဆုံး ခဲ့ရခြင်း နှင့် ပတ်သက်၍ ၀မ်းနည်းကြောင်း ပြောကြား ခဲ့ပြီး ဖြစ်စဉ်တွင် အသက်ဘေး မှ လွတ်မြောက် လာသည့် တရုတ်နိုင်ငံသား များအား ကူညီ စောင့်ရှောက်မှုများ ပြုလုပ်ရန် အတွက် အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံး ၊ ဆန်ဖရန်စစ္စကို ရှိ တရုတ် ကောင်စစ်ဝန်ချုပ် နှင့် တောင်ကိုရီးယား နိုင်ငံဆိုင်ရာ တရုတ်သံရုံး တို့သို့ အမိန့် ထုတ်ပြန် ခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ပုဒ်အရ သိရသည်။


အမေရိကန် နှင့် တောင်ကိုရီးယား နိုင်ငံတို့ကလည်း တရုတ် နိုင်ငံသားများ အတွက် လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများနှင့် အထောက်အပံ့ အားလုံးအား ဖြည့်ဆည်း ဆောင်ရွက် ပေးရန် ကတိပြုခဲ့ သည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment