Pages

Wednesday, July 3, 2013

ဖြစ်ချင်ပါသော ပန်းတစ်ပွင့်

ဖြစ်ချင်ပါသော ပန်းတစ်ပွင့်

အလှဆင်ပန်းတစ်ပွင့်
ဖြစ်ခွင့်ရပါလျှင် ။
ပန်းခရေပွင့်မွှေး
ရွေးလိုက်ပါချင် ။
အများက ငြိုငြင်
တော်မ၀င် အကြွေပန်း ။
ဆိုကြစေ စိတ်မခု
ယုယဆင်မြန်း ။

ခရေအနွမ်းကိုမှ
အကြွေပန်းလို့ ဆိုသူတွေ ။
လောကမှာ မကြွေပန်းကို
ရှုစမ်းချင်ပေ ။
ပန်းတိုင်း မသွေ
ဝေသည်ရှိ ကြွေသည်ရှိ ။
အသွေးအရောင် အဆင်းရနံ့များ
ကွာခြားနိုင်၏ ။

ပန်းတို့၏ အလှတရား
ဘယ်သို့များ ဆုံးဖြတ်စေ ။
ပန်းခရေ ဂုဏ်အင်များ
လျော့ပါး မရှိပေ ။
ဝေစဉ် အခါမလေ 
သင်းပျံ့နေ ဂုဏ်အဆင်း
ကြွေခြောက်စေ ဘယ်မလွင့်
ထပ်ဆင့်ဆင့်သင်း ။  ။

မနောသစ် ( ပခုက္ကူ )



(( ၂၀၁၃ ခုနှစ် ဇူလိုင်လထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ကဗျာ ))

No comments:

Post a Comment