Pages

Thursday, July 18, 2013

မန္တလေးမြို့တွင် ကျောက်စိမ်းအချောနည် လုပ်ငန်းများ လုပ်ကိုင်ရန် ဟောင်ကောင်က ကမ်းလှမ်းထား


မန္တလေး ၊ ၁၈-၇-၂၀၁၃

အနောက် ဥရောပ နှင့် အမေရိက ဈေးကွက်တို့၌ နာမည် ရရှိထားသော မြန်မာ့ ကျောက်မျက် ရတနာများကို ကျောက်စိမ်း အချောထည် ဈေးကွက် နှင့် ပတ်သက်၍ ဈေးကွက် တိုက်ရိုက် ထိုးဖောက်မှု များ ပြုလုပ်ရန် အတွက် မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတကာ မှ ကျောက်မျက် လုပ်ငန်းရှင် များနှင့် ဖက်စပ် လုပ်ကိုင် နိုင်ရန်အတွက် ဖိတ်ခေါ်မှုများ ရှိသကဲ့သို့ ဟောင်ကောင် ကလည်း မြန်မာနိုင်ငံ မန္တလေးမြို့တွင် ကျောက်စိမ်း အချောထည် လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်တစား ကမ်းလှမ်းမှုများ ရှိထားကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် နီးစပ်သည့် ကျောက်စိမ်း လုပ်ငန်းရှင် များက ပြောကြား ခဲ့သည်။

မန္တလေးမြို့တွင် ဟောင်ကောင် ကျောက်စိမ်း လုပ်ငန်းရှင် များက ကျောက်စိမ်း ပန်းပု သင်တန်းကျောင်း ၊ ကျောက်စိမ်း အချောထည် အလုပ်ရုံ တစ်ခု အပါအ၀င် ကျောက်စိမ်း အရောင်းခန်းမ နှင့် ပြတိုက် တို့ကိုပါ ဖွင့်လှစ်ရန် ကမ်းလှမ်းထားပြီး မြေဧက ၅၀ ခန့် လိုအပ်ကြောင်း ကမ်းလှမ်းချက် တွင် ပါရှိသည်ဟု မန္တလေးမြို့ ရှိ ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြောကြား ခဲ့သည်။


ဟောင်ကောင် လုပ်ငန်းရှင် များ၏ ကမ်းလှမ်းမှု မှာ မှန်ကန်သော်လည်း မည်သည့် အတိုင်းအတာ အထိ ဟောင်ကောင် လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရှိမည်ကို အတိအကျ မပြောနိုင်သေး သကဲ့သို့ ကမ်းလှမ်း ထားသည့် လုပ်ငန်းများ အတွက် ခွင့်ပြုမည့် နေရာ ကိုလည်း ဆွေးနွေးဆဲ အခြေအနေ တွင်သာ ရှိသေးကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment