Pages

Tuesday, July 9, 2013

အာရှဒေသ ပဋိပက္ခများ စီမံခန့်ခွဲ ဆောင်ရွက်ရေးဆိုင်ရာ ညီလာခံအား ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပရန် စီစဉ်ထားခြင်း



၉-၇-၂၀၁၃

ဖိလစ်ပိုင် နိုင်ငံသည် ၁၁ ကြိမ်မြောက် အာရှဒေသ ပဋိပက္ခများ စီမံခန့်ခွဲ ဆောင်ရွက်ရေး ဆိုင်ရာ ညီလာခံ ACMC အား လာမည့် ဇူလိုင်လ ၁၀ ရက်နေ့ မှ ၁၁ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် စီစဉ် ထားကြောင်း နှင့် တစ်ပြိုင်နက်တည်း မှာပင် ဖိလစ်ပိုင် နိုင်ငံသည် အမျိုးသား သဘာဝ ဘေးအန္တရာယ် အတွက် နိုးကြား တက်ကြွမှု ရှိစေရေးလ အဖြစ် ဇူလိုင်လ ကို သတ်မှတ်ကြောင်း မနီလာမြို့တော် ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်အဖွဲ့ MMDA ဥက္ကဋ္ဌ Francis Tolentino က ပြောကြား ခဲ့ကြောင်း သိရသည်။

အာရှဒေသ ရှိ အဓိက မြို့ကြီးများမှ ပဋိပက္ခများအား စီမံခန့်ခွဲ သူများနှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ကျွမ်းကျင်သူ ၁၀၀ ကျော်သည် ဒေသတွင်း သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အသင့်ပြင် ဆောင်ရွက်ရေး နှင့် ကိုင်တွယ် ဖြေရှင်းရေး အတွက် အဆိုပါ ညီလာခံသို့ တက်ရောက် ကြမည် ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးခြင်းမှ ကာကွယ်ရန် နှင့် အာရှဒေသ အဓိက မြို့ကြီးများ၏ ပြန်လည် ထူထောင်ရေး နှင့် ပြန်လည် ဦးမော့ လာစေရေး ကြိုးပမ်းမှုများ ဟူသော ခေါင်းစဉ်ဖြင့် အာရှဒေသ အဓိက မြို့ကြီး ၂၁ မြို့၏ ကွန်ရက် Asian Network of Major Cities 21 _ ANMC21 ၏ အဓိက အဖွဲ့ဝင်မြို့ကြီး ၁၃ မြို့မှ ကျွမ်းကျင်သူ များက ဆွေးနွေး သွားကြမည် ဖြစ်သည်။


ANMC21 အား မြို့ပြ စီမံကိန်းများ ၊ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပဋိပက္ခများ စီမံခန့်ခွဲရေး ကဲ့သို့သော ကိစ္စရပ်များ နှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အာရှဒေသ၏ အကြီးဆုံး မြို့ကြီးများ ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ၄င်းအဖွဲ့တွင် ဘန်ကောက် ၊ နယူးဒေလီ ၊ ဟနွိုင်း ၊ ဂျကာတာ ၊ ကွာလာလမ်ပူ ၊ မနီလာ ၊ ဆိုးလ် ၊ စင်ကာပူ ၊ တိုင်ပေ ၊ ရန်ကုန် နှင့် တိုကျို ကဲ့သို့သော မြို့များ ပါဝင်ကြောင်း သိရှိရသည်။

No comments:

Post a Comment