Pages

Saturday, July 20, 2013

အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ၌ ရုပ်ရှင် နှင့် ပြဇာတ်မေဂျာ တက်ရောက်သူ အများဆုံးဖြစ်နေ


ရန်ကုန် ၊ ၂၀-၇-၂၀၁၃

အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ၌ မေဂျာ ၅ ခုရှိသည့် အနက် ရုပ်ရှင် နှင့် ပြဇာတ်မေဂျာ ကို စိတ်ဝင်တစား တက်ရောက်သူ အများဆုံး ဖြစ်နေကြောင်း သိရသည်။

အဆိုပါ အနုပညာ တက္ကသိုလ် ၌ ရှိသော မေဂျာများမှာ ဂီတ ၊ သဘင် ၊ ပန်းချီ ၊ ပန်းပု ၊ ရုပ်ရှင် နှင့် ပြဇာတ် တို့ ဖြစ်ပြီး ဂီတမေဂျာ တွင် ၁၀၁ ဦး ၊ သဘင်မေဂျာ တွင် ၂၉ ဦး ၊ ပန်းချီ မေဂျာတွင် ၉၁ ဦး ၊ ပန်းပု မေဂျာတွင် ၁၄ ဦး နှင့် ရုပ်ရှင် နှင့် ပြဇာတ် မေဂျာတွင် ၁၉၉ ဦး တက်ရောက်လျက် ရှိသည်။ ရုပ်ရှင် နှင့် ပြဇာတ် မေဂျာတွင် အဓိက သင်ကြား ပေးသည့် ပညာရပ် များမှာ ဒါရိုက်တာ ၊ ကင်မရာ Editing ၊ ဇာတ်ညွှန်း နှင့် သရုပ်ဆောင် အပိုင်းများ ကို သင်ကြား ပေးကြောင်း သိရသည်။

" အခု ကျောင်းမှာက ရုပ်ရှင် နဲ့ ပြဇာတ် မေဂျာကို တက်ရောက် သူတွေက အများဆုံးပါပဲ ၊ အသက် တွေကလည်း ၁၆ ၊ ၁၇ တွေဆိုတော့ မင်းသား မင်းသမီး ဖြစ်ချင် ကြတယ်လေ ၊ ကျောင်းသူတွေ တက်တာ ပိုများတယ် ... " ဟု အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ၌ တက်ရောက်သည့် ကျောင်းသား ကျောင်းသူပေါင်း ၄၈၅ ဦးရှိပြီး လက်ရှိတွင် ရုပ်ရှင် နှင့် ပြဇာတ် မေဂျာကို တက်ရောက်သူ အများဆုံး ဖြစ်ကာ ပန်းပုမေဂျာ မှာ တက်ရောက်သူ အနည်းဆုံး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment