Pages

Thursday, July 4, 2013

၂၀၁၃ ခုဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် နှစ်သိန်းနီးပါး တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၈၄ သန်းကျော် ရရှိ


ရန်ကုန် ၊ ၄-၇-၂၀၁၃

မြန်မာ့ဆန် တင်ပို့မှုမှာ ယခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီ ၊ မေ နှင့် ဇွန်လများတွင် ဆန်တန်ချိန် နှစ်သိန်းခန့် တင်ပို့ခဲ့ပြီး ဆန်တင်ပို့မှု မှာ အမေရိကန် ဒေါ်လာ ၈၄ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း ၏ ဆန်တင်ပို့မှု ၃ လတာ မှတ်တမ်းများ အရ သိရသည်။

ယခင်နှစ်က မြန်မာနိုင်ငံ သည် ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ နိုင်ခဲ့ပြီး ယခုနှစ်တွင် ၃ လတာ ကာလအတွင်း ဆန်တန်ချိန် နှစ်သိန်းနီးပါး တင်ပို့နိုင်ကြောင်း သိရသည်။ ယခင်နှစ်က ဆန်တန်ချိန် ၁ ဒသမ ၅ သန်းတွင် တန်ချိန် ရှစ်သိန်း ကို အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်နိုင်ငံ သို့ အဓိက တင်ပို့ခဲ့သည်။ တင်ပို့ရာတွင် ဧည့်မထ ၂၅ မတ်ဆန် ကိုသာ အဓိကထား တင်ပို့ခဲ့ပြီး မက်ထရစ် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၀ ခန့် ရရှိကြောင်း သိရသည်။

" မြန်မာ့ဆန် တင်ပို့မှုမှာ နောင်နှစ်များတွင် အိမ်နီးချင်း နိုင်ငံများ၏ ဆန်လိုအပ်ချက် ကြီးမားလာမှု ကြောင့် ပိုမို တင်ပို့နိုင်စရာ အကြောင်းများ ရှိကြောင်း ... " မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောကြား ခဲ့သည်။

ပြည်တွင်းဆန် တင်ပို့မှုမှာ နိုင်ငံတကာ တွင် အရည်အသွေး အဆင့်အတန်း အဓိကထား သော ဂျပန်နိုင်ငံ ၏ ဆန်တင်ပို့မှု တင်ဒါကို ယခုနှစ်တွင် စတင် အောင်မြင်ပြီး တန်ချိန် ၅၀၀၀၀ ကို စတင် တင်ပို့ နိုင်ပြီ ဖြစ်သည်။ ယခုနှစ်တွင် နိုင်ငံတကာ ဈေးကွက်ရှိ စပါးမျိုးများ ဖြစ်သော ဆင်းသွယ်လတ် ၊ ဆင်းသုခ ၊ မှော်ဘီ(၂) ၊ အင်းမရဲဘော် ၊ ရတနာတိုး ၊ သီးထပ်ရင် ၊ ကျော်ဇေယျ ၊ မနောသုခ ၊ ဧရာမင်း ၊ မှော်ဘီ ကောက်ညှင်းမွေး စပါးများကို အဓိက စိုက်ပျိုးရန် တောင်သူ လယ်သမား များအား ပညာပေး ထားကြောင်း သိရသည်။

ဆန်တင်ပို့မှု အခြေအနေ များကို ကြည့်ပါက နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တင်ပို့မှုသည် တန်ချိန် တစ်သိန်း ကျော်ပြီး ပင်လယ်ရေကြောင်း မှ တင်ပို့မှုသည် တန်ချိန် ကိုးသောင်းကျော် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ၏ဆန်ကို နိုင်ငံတကာ ဈေးကွက် သို့ အဓိက ထိုးထောက်ပြီး ဈေးကွက် ရရှိရန် အရည်အသွေးသည် အဓိက ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရည်အသွေး ကို မြှင့်တင်နိုင်ရန်မှာ စပါး အရည်အသွေး ကြိတ်ခွဲမှု၏ နည်းပညာ ကျွမ်းကျင်မှု နှင့် ဆန်စက် ကောင်းမွန်မှု များအပေါ်တွင် မူတည်ကြောင်း သိရသည်။ ယင်းအချက်များ ပြည့်စုံမှသာ  အကျိုးအကြေ နည်းသော ဆန်ကို ရရှိပြီး ရာနှုန်းပြည့် တန်းမြင့်ဆန်ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ တွင် စပါးမျိုးရင်း တစ်ထောင်ကျော် ရှိပြီး လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန က တရားဝင် ထုတ်ပြန် ထားသော စပါးမျိုးရင်း မှာ ၆၀ ကျော်ရှိပြီး ထိုသို့ ပြည်တွင်း မျိုးရင်း များပြားမှုက အရည်အသွေး နိမ့်စပါး များကိုသာ ရရှိနိုင်သည်။ ထို့ကြောင့် နိုင်ငံတကာ ဈေးကွက်ရှိသော စပါးမျိုး ၁၀ မျိုး ကိုသာ မိမိဒေသ နှင့် လိုက်ဖက်သော မျိုးကို ရွေးချယ် စိုက်ပျိုးရန် လိုအပ်ကြောင်း သိရှိရသည်။

No comments:

Post a Comment