Pages

Tuesday, July 16, 2013

မော်တော်ယာဉ်များ မိုးတွင်းကာလ အတွက် သတ်မှတ်ထားသော ကြံ့ခိုင်မှု မပြည့်စုံပါက ဒဏ်ငွေဆောင်ရမည်


ရန်ကုန် ၊ ၁၆-၇-၂၀၁၃

ရန်ကုန်မြို့တွင်း ၌ မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ မထသ(ဗဟို) ၏ စီမံခန့်ခွဲမှု အောက်တွင် ပြေးဆွဲနေသော မော်တော်ယာဉ် လိုင်းများမှ ခရီးသည်တင် ယာဉ်များသည် မိုးတွင်းကာလ အတွက် သတ်မှတ်ထားသော ယာဉ် ကြံ့ခိုင်မှု ဆိုင်ရာ စည်းကမ်းချက် များနှင့် မပြည့်စုံပါက ဒဏ်ငွေ ငွေကျပ် ၃ သောင်းမှ ၅ သောင်းအထိ ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ တွင် မထသ(ဗဟို) ၏ စီမံ ခန့်ခွဲမှု အောက်တွင် လက်ရှိ ပြေးဆွဲ နေသော မော်တော်ယာဉ် အဖွဲ့အစည်းပေါင်း ၁၇ ခုခန့် ရှိပြီး ခရီးသည်တင် ယာဉ် ၆၆၀၀ ကျော်ရှိရာ အဆိုပါ မော်တော်ယာဉ် များအနက် အချို့သော မော်တော်ယာဉ် များသည် မိုးတွင်း ကာလ အတွက် သတ်မှတ်ထားသော ယာဉ်ကြံ့ခိုင်မှု ဆိုင်ရာ အချက်အလက် များနှင့် မပြည့်စုံ ကြောင်း ၊ ထိုသို့ မပြည့်စုံသော ယာဉ်များသည် မထသ(ဗဟို) အထူး စစ်ဆေးရေး အဖွဲ့များက လိုက်လံ စစ်ဆေးသော အခါတွင် ဖြစ်စေ ၊ ခရီးသည် တစ်စုံတစ်ယောက် မှ တိုင်ကြား လာသည့် အခါတွင် ဖြစ်စေ စစ်ဆေး တွေ့ရှိပါက ခရီးသည်တင် ယာဉ်၏ တည်ဆောက်ပုံ သတ်မှတ်ချက် များနှင့် မကိုက်ညီလျှင် ဒဏ်ငွေ ငွေကျပ် ၃ သောင်း နှင့် အမိုးများ မလုံခြင်း ၊ ဘေးကာမှန်များ မရှိခြင်း ၊ မကောင်းခြင်း ၊ ကား၏ ကြမ်းခင်းများ ကြံ့ခိုင်မှု မရှိခြင်း စသည်တို့ကို တွေ့ရှိလျှင် ဒဏ်ငွေ ၅ သောင်း စသဖြင့် ပေးဆောင် ရနိုင်ကြောင်း မထသ(ဗဟို) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


ထိုသို့ လုပ်ဆောင် ရခြင်းမှာ မထသ(ဗဟို) သတ်မှတ်ချက် ၁၃၈ ချက်နှင့် အညီ လုပ်ဆောင် ရခြင်း ဖြစ်ပြီး ထို သတ်မှတ်ချက် သည် မထသ(ဗဟို) လက်အောက်ရှိ မြို့တွင်း ၊ မြို့ပြင် ယာဉ်လိုင်းများ အားလုံး အကျုံးဝင် သည့်အပြင် ရန်ကုန်တိုင်း ဒေသကြီး အခြေပြု အဝေးပြေး ယာဉ်လိုင်း များမှ မော်တော်ယာဉ် များနှင့်လည်း သက်ဆိုင်သည်ဟု သိရှိရသည်။

No comments:

Post a Comment