Pages

Wednesday, July 24, 2013

ရန်ကုန်မြို့တွင် လာရောက် လုပ်ကိုင်ရန် ထိုင်းရွှေလုပ်ငန်းရှင်များအား ကမ်းလှမ်း


ရန်ကုန် ၊ ၂၄-၇-၂၀၁၃

ထိုင်းရွှေလုပ်ငန်းရှင် များက ရန်ကုန်မြို့တွင် ရွှေဆိုင်များ ဖွင့်လှစ် ရောင်းချရန် နှင့် ရွှေပန်းတိမ် လုပ်ငန်းများ ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များက ကမ်းလှမ်းမှုများ ရှိခဲ့ပြီး ယင်းသို့ ကမ်းလှမ်းခဲ့သည့် ရွှေလုပ်ငန်းရှင် များထဲတွင် ထိုင်းနိုင်ငံ မှ သက်တမ်းရင့် နာမည်ရ ရွှေဆိုင်ကြီး များလည်း ပါဝင်ကြောင်း သိရသည်။

ကမ်းလှမ်း ခဲ့ကြသည့် ထိုင်းရွှေလုပ်ငန်းရှင် များထဲတွင် ထိုင်းနိုင်ငံမှ သက်တမ်းရင့် နာမည်ရ ဟွာဆင်ဟန်း ရွှေဆိုင်လည်း ပါဝင်ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် မြန်မာ့ ရွှေထည်များကို ၀ယ်ယူပြီး ထိုင်းလက်ရာဖြင့် ရွှေထည်များ ပြန်လည် ရောင်းချသည့် လုပ်ငန်းများ နှင့် ထိုင်းရွှေထည် ပစ္စည်းများကို တိုက်ရိုက် တင်သွင်း ရောင်းချသည့် လုပ်ငန်းများ လုပ်ကိုင် သွားဖွယ် ရှိကြောင်း သိရသည်။

မြန်မာ အပါအ၀င် အာဆီယံ ဒေသတွင်း နိုင်ငံများ၌ ရွှေထည် ၀တ်ဆင်မှု ဓလေ့နှင့် ရွှေထည်ကို စုဆောင်းခြင်း အလေ့အထ များရှိနေခြင်း ကြောင့် မြန်မာနိုင်ငံ ရှိ ရွှေထည် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းလုပ်ငန်းရှင် များ စိတ်ဝင်စားမှု ရှိကြောင်းလည်း သိရသည်။


" တစ်ချိန်တုန်းက ထိုင်းဘတ်ကြိုး ဆိုတာ နာမည်ကြီးပါပဲ ၊ အခုလည်း လူကြိုက် များတုန်းပါပဲ ၊ ထိုင်းက ကမ်းလှမ်းတဲ့ အထဲမှာ သူတို့ဆီက လက်ရာပုံဆန်း တွေကို မြန်မာ့ ရွှေဆိုင် လုပ်ငန်းရှင် တွေက အော်ဒါ အပ်နှံတာမျိုးကို ယူပြီးတော့ လုပ်ချင်တာလည်း ပါတယ် ၊ သူတို့ရဲ့ စက်ပန်းတိမ် တွေ ဒီရွှေ့လာပြီး ဒီကရွှေကို ၀ယ်ပြီးတော့ ရောင်းချင်တာလည်း ပါပါတယ် .... " ဟု ရွှေဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment