Pages

Monday, July 8, 2013

မြန်မာအင်ဂျင်နီယာ နှင့် ဗိသုကာပညာရှင်များ အာဆီယံ တရုတ် ဂျပန် နှင့် ကိုရီးယား နိုင်ငံများသို့ သွားရောက် လုပ်ကိုင်ခွင့် ရမည်

မုံရွာ ၊ ၈-၇-၂၀၁၃

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ သဘောတူ စာချုပ်များတွင် လက်မှတ် ရေးထိုးပြီး ဖြစ်သောကြောင့် ပြည်တွင်း သက်ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းပြီး ပါက မြန်မာနိုင်ငံ တွင် လက်မှတ်ရ ပညာရှင်များ အဖြစ် လုပ်ကိုင် နိုင်မည့်အပြင် အာဆီယံ နိုင်ငံများ ၊ တရုတ် ၊ ဂျပန် နှင့် ကိုရီးယား နိုင်ငံများသို့ တန်းတူ အခွင့်အရေး များနှင့် သွားရောက် လုပ်ကိုင် နိုင်မည် ဖြစ်ကြောင်း ဗိသုကာ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးဆန်းဦး က ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာ သို့ ဗိသုကာ နှင့် အင်ဂျင်နီယာ များ တရားဝင် အလုပ် သွားရောက် လုပ်ကိုင် နိုင်ရန်မှာ အင်ဂျင်နီယာ ဆိုင်ရာ ဥပဒေ နှင့် ဗိသုကာ ဥပဒေ ဆိုင်ရာများ အလျင်အမြန် ပြဋ္ဌာန်း ပေးရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရှိ အဆင့်မြင့် နည်းပညာ တက္ကသိုလ် ဖြစ်သော ရန်ကုန် နည်းပညာ တက္ကသိုလ် နှင့် မန္တလေး နည်းပညာ တက္ကသိုလ် များမှ နိုင်ငံတကာ အဆင့်မီ ဘွဲ့ရများကို မွေးထုတ် ပေးခဲ့နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် အတွက် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် လိုအပ် နေကြောင်း သိရသည်။

အာဆီယံ အကောင်းဆုံး နိုင်ငံတွင် မြန်မာနိုင်ငံ ပါရှိနေခြင်း ကြောင့် လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာ အတတ် ပညာရှင်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ပိုမို များပြား လာမည် ဖြစ်ပြီး ထို အလုပ်အကိုင် အခွင့်အလမ်း များကို ရရှိရန် ဥပဒေမှာလည်း အရေးတကြီး လိုအပ် နေကြောင်း သိရသည်။

ပြည်တွင်း အတတ် ပညာရှင်များ အနေဖြင့် နိုင်ငံတကာ မှ ပြန်လည် ရောက်ရှိ လာမည့် အတတ် ပညာရှင်များ ၊ နိုင်ငံတကာ ပညာရှင်များ နှင့် ယှဉ်ပြိုင် ရမည် ဖြစ်သောကြောင့် အတတ် ပညာပိုင်း များတွင် ထပ်မံ ဆည်းပူးရန် လိုအပ်နေမှု များကို ဖြည့်တင်း ထားကြရန် လိုအပ်ကြောင်း ပညာရှင် တစ်ဦးက ပြောကြား ခဲ့သည်။

ပြည်တွင်း အတတ် ပညာရှင်များကို အကာအကွယ် ပေးမည့် ဥပဒေများ ထွက်ပေါ် လာပါက စင်ကာပူ နိုင်ငံကဲ့သို့ ဖြစ်လာ နိုင်ကြောင်း ၊ စင်ကာပူ နိုင်ငံ အနေဖြင့် စတင် ပြုပြင် ပြောင်းလဲသော အချိန်တွင် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံ သူများကို ပြည်တွင်း အတတ် ပညာရှင် များအား ထည့်သွင်း လုပ်ကိုင်စေသော ဥပဒေများ ပြဋ္ဌာန်းပြီး လုပ်ဆောင် ခဲ့ကြောင်း မြန်မာ ပညာရှင် တစ်ဦး ဖြစ်သော စီးပွားရေး ဒေါက်တာဘွဲ့ ရရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


နိုင်ငံတကာရောက် မြန်မာ ပညာရှင် များကလည်း ပြည်တွင်းသို့ ပြန်လည် လာရောက် လုပ်ကိုင်ရန် အစိုးရ နှင့် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံတကာရောက် မြန်မာများ အနေဖြင့် ပြည်တွင်း အလုပ်သမား နှင့် အတတ် ပညာရှင်များအား အတတ်ပညာများ ဖြန့်ဝေ ပေးရန် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment