Pages

Tuesday, June 4, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆို


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards တို့
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်



နေပြည်တော် ၊ ၄-၆-၂၀၁၃

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ဇေယျာသီရိ ဗိမာန်ရှေ့ ၌ မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ လာသော  ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards အား ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုခဲ့သည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲ သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊
ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိ ကြီးများနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့ တက်ရောက် ကြပြီး  ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ ဗြိတိန် နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Heyn နှင့် စစ်သံများ ၊ ဗြိတိန် နိုင်ငံ တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards သည် ဂုဏ်ပြု ကြိုဆိုပွဲ ကျင်းပ ပြုလုပ်မည့် ဇေယျာသီရိ ဗိမာန်သို့ မော်တော်ယာဉ် ဖြင့် ရောက်ရှိ လာရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရင်းနှီး ခင်မင်စွာ ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်  ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်း ကို ခံယူသည်။

ထိုအချိန်တွင် တပ်မတော် စစ်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော် သီချင်း များအား ဂုဏ်ပြု တီးမှုတ်သည်။ ၄င်းနောက် ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဂုဏ်ပြု တပ်ဖွဲ့အား စစ်ဆေးသည်။

ယင်းနောက် ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အခမ်းအနား သို့ တက်ရောက် လာကြသည့် ဗြိတိန်နိုင်ငံ တပ်မတော် မှ အရာရှိကြီး များနှင့် မိတ်ဆက်ပေးသည်။


အလားတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကလည်း ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် အား အခမ်းအနား သို့ တက်ရောက် လာကြသည့် တပ်မတော် အရာရှိ များနှင့် ပြန်လည် မိတ်ဆက် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment