Pages

Wednesday, June 5, 2013

မုတ္တမပင်လယ်ကွေ့ကို ကမ္ဘာ့ရေတိမ်ဒေသ အဖြစ်သတ်မှတ်ပါက ဂေဟခရီးသွား နေရာ ၃၅ ခုထိ ရှိလာမည်


ရန်ကုန် ၊ ၅-၆-၂၀၁၃

မုတ္တမ ပင်လယ်ကွေ့ ကို ကမ္ဘာ့ ရေတိမ် ဒေသအဖြစ် သတ်မှတ်လိုက် ပါက ဂေဟ ခရီးသွား နေရာမှာ မြန်မာနိုင်ငံ တွင် ၃၅ ခုအထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ယခင်က ဂေဟ ခရီးသွား လုပ်ငန်း နေရာ ၃၄ ခုရှိပြီး မုတ္တမ ပင်လယ်ကွေ့ ကို ကမ္ဘာ့ရေတိမ် ဒေသ သတ်မှတ်ရန် လေ့လာမှုများ ပြုလုပ် နေပြီ ဖြစ်သည်။ ယင်းဒေသမှာ ဆောင်းခိုငှက် အမျိုးပေါင်း များစွာ ကျက်စားသော နေရာ ဖြစ်သောကြောင့် ထိုသို့ လေ့လာမှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်းတွင် ဂေဟ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှု အားနည်းနေပြီး အခြားသော ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွားမှု ၊ စီးပွားရေး ဆိုင်ရာ ခရီးသွားမှု များကသာ တိုးတက် နေကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင် သူများက ပြောကြား ခဲ့သည်။

ဂေဟ ခရီးသွား လုပ်ငန်းမှာ သွားရောက်မည့် ဒေသမှ ဒေသခံ ပြည်သူများ၏ ဘ၀ ရပ်တည်ရေး ၊ ပညာ သင်ကြားရေး ၊ ယဉ်ကျေးမှု နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများ ၊ ကျန်းမာရေး စသော အချက်များကို ပံ့ပိုး ပေးရမည် ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ များကိုလည်း ထိန်းသိမ်း ရမည် ဖြစ်ကြောင်း Eco Travel မှ ပြောဆို ခဲ့ဖူးသည်။


လက်ရှိ မြန်မာနိုင်ငံ တွင် ပဲခူးတိုင်း ဒေသကြီးရှိ မိုးယွန်းကြီး ဒေသကို ကမ္ဘာ့ရေတိမ် ဒေသအဖြစ် သတ်မှတ် ထားပြီး မုတ္တမ ပင်လယ်ကွေ့ ကို အလားတူ သတ်မှတ် လိုက်ပါက မြန်မာနိုင်ငံ တွင် ရေတိမ်ဒေသ နှစ်ခု ရှိလာမည် ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ထင်ရှားသော ဂေဟ ခရီးသွား နေရာများမှာ အင်းလေးကန် ၊ လန်ပိကျွန်း ၊ မိုးယွန်းကြီး ၊ ရွှေစက်တော် ၊ အလောင်းတော် ကဿပ စသော နေရာများ ရှိပြီး ဂေဟ ခရီးသွား တိုးတက်ရေး အတွက် အဆောက်အအုံ နှင့် အခြား ၀န်ဆောင်မှု များစွာ လိုအပ် နေသေးကြောင်း သိရှိရသည်။

No comments:

Post a Comment