Pages

Tuesday, June 18, 2013

အစာအဆိပ်သင့် လူနာများအား ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိ သူများ ကြည့်ရှုအားပေး



မြစ်ကြီးနား ၊ ၁၈-၆-၂၀၁၃

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ မြို့သစ်ကြီး ရပ်ကွက် အုပ်စု ၊ ဂျန်မိုင်ကောင်း နယ်မြေ (၁၀) အမှတ်(၁၁၀) နေ အိမ်ရှင် ဦးလဘန်တန် ၊ ဒေါ်မရန်ခေါန် နေအိမ်၌ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီက အိမ်ထောင်ဝတ်ပြု အစည်းအဝေး နှင့် ၄င်း၏သမီး ၁၀ တန်းအောင် ကျေးဇူးတော် ချီးမွှမ်း ဆုတောင်းပွဲ ကျင်းပကာ တက်ရောက် လာသူများအား ကြက်သား နှင့် ချက်လုပ် ထားသည့် ကချင်ဒန်ပေါက် အား တောင်စွန်ဖက် ဖြင့်ထုတ်၍ ဧည့်ခံ ကျွေးမွေးကာ အာရှပင်မှည့် သီစုံအချိုရည် ၊ အာရှ လိုက်ချီး ဖျော်ရည်များ ၊ သောက်သုံး ရေသန့်များဖြင့် ဧည့်ခံ ကျွေးမွေး ခဲ့သည်။

အဆိုပါ ဆုတောင်းပွဲ တက်ရောက်၍ ဧည့်ခံသော အစားအစာ များကို စားသုံးခဲ့သူ များသည် ည ၇ နာရီခွဲမှ စတင်ကာ အော့အန်ခြင်း ၊ မူးဝေခြင်း ၊ ဗိုက်အောင့်ခြင်း များဖြစ်ကာ နီးစပ်ရာ ပုဂ္ဂလိက မလိဇွတ် ဆေးရုံမှ တစ်ဆင့် မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကု ဆေးရုံသို့ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင် ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းအေးလွင် နှင့် တာဝန်ရှိ သူများက ပူးပေါင်းကာ မော်တော်ယာဉ် များဖြင့် စီစဉ်ကာ အမြန်ဆုံး ကုသပေး ခဲ့ပြီး ဆေးရုံတက်ရောက် အင်အားမှာ ဇွန်လ ၁၇ ရက်နေ့ အထိ ကျန်းမာရေး ၀န်ထမ်းများ၏ နောက်ဆုံး အတည်ပြုချက် အရ လူကြီး လူငယ် ကျား-မ ၁၅၁ ဦးထိ ရှိခဲ့သည်။

အဆိုပါ လူနာများအား ဇွန်လ ၁၇ ရက်နေ့ နံနက် ၈ နာခွဲက ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး ၀န်ကြီး ဦးဘီထောဇောင်း ၊ ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်း နှင့် တာဝန်ရှိ သူများက လိုက်လံ ကြည့်ရှု စစ်ဆေးရာ ပြည်နယ် ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ ကြည်လွင် နှင့် တာဝန်ခံ ဆရာဝန် များက လူနာများ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်မှု ၊ အစားအစာ များအား ဓာတ်ခွဲခန်း ပို့ စစ်ဆေးနေမှု အခြေအနေ များ နှင့် ဆေးရုံတက် အင်အားများ အတွင်း ကျောင်းသား ကျောင်းသူ ၇၁ ဦး ပါဝင်ကြောင်း တို့အား ရှင်းလင်း တင်ပြရာ ၀န်ကြီးချုပ် မှ ကျန်းမာရေး ကောင်းမွန်သော သူများအား ပညာရေး နောက်မကျ စေရန် ဆေးရုံဆင်းခွင့် ရကျောင်းသား ကျောင်းသူ များနှင့် သက်ကြီး လူနာများအား သယ်ယူ ပို့ဆောင်ရေး အတွက် ပြည်နယ် အစိုးရ အဖွဲ့မှ လိုအပ်သည်များ ကူညီ ပံ့ပိုးရေး တို့အား ညွှန်ကြား ခဲ့ပြီး ဆေးရုံတက် လူနာများအား ကြည့်ရှု အားပေးကာ ဆေးရုံမှ ကျန်းမာရေး ကောင်းမွန်သူ ၁၄၂ ဦးအား နေအိမ်အရောက် ပြန်လည် ပို့ဆောင်ပေးကာ ဆေးရုံဆင်းခွင့် ပြုနိုင် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment