Pages

Sunday, June 23, 2013

နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဝင်ခွင့် ရမှတ် အနိမ့်ဆုံး ၄၇၀ ရရှိရမည်



ရန်ကုန် ၊ ၂၃-၆-၂၀၁၃

ရန်ကုန် တက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ် တို့တွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ် ပထမနှစ် သင်တန်း စတင်ဖွင့်လှစ် သင်ကြား ပို့ချမည် ဖြစ်ကြောင်း နှင့် တက္ကသိုလ် ၀င်တန်း စာမေးပွဲ တွင် အင်္ဂလိပ်စာ အနိမ့်ဆုံး ရမှတ် ၇၅ မှတ်နှင့် စုစုပေါင်း အနိမ့်ဆုံး ရမှာ ၄၇၀ မှတ် ရရှိထားသူများ ကျောင်းဝင်ခွင့် လျှောက်ထား နိုင်မည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် မှစ၍ ရန်ကုန် တက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ် တို့တွင် ၀ိဇ္ဇာ ၊ သိပ္ပံ ဘာသာရပ် အလိုက် ထူးချွန် ကျောင်းသားများ ရွေးချယ်၍ ပထမနှစ် သင်တန်းမှ ပါရဂူဘွဲ့ ရရှိသည်အထိ အထူးပြု ပျိုးထောင်ရေး စီစဉ် ဆောင်ရွက်ရန် တက္ကသိုလ် ပညာရေး အဖွဲ့များကောင်စီ နှင့် တက္ကသိုလ် ဗဟိုကောင်စီ တို့က အတည်ပြု ထားပြီး ဖြစ်သည်။

ယင်း တက္ကသိုလ် ၀င်ခွင့်အတွက် ကျောင်းသား ရွေးချယ်ရာတွင် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲ ဖြေဆိုခဲ့သည့် ဘာသာတွဲများ ကို သတ်မှတ်ချက် မပြုဘဲ မည်သည့် ဘာသာတွဲဖြင့် အောင်မြင်သည် ဖြစ်စေ ဘာသာတွဲ အားလုံး မှ တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်အပေါ် အခြေခံ၍ ဆုံးဖြတ် ပေးမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းသားများအား သင်ကြား ပို့ချရာတွင် စာတွေ့ ၊ လက်တွေ့ သင်ကြား ပို့ချခြင်း များကို နိုင်ငံတကာ အဆင့်မီ သင်ကြား ပို့ချမည် ဖြစ်ပြီး စာသင်ခန်း အရွယ်အစား အပါအ၀င် သင်ကြားရေး ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပြည့်စံစွာ ဖြည့်ဆည်း ပေးမည် ဖြစ်ကြောင်း ပညရေး ၀န်ကြီးဌာနမှ သိရှိရသည်။

No comments:

Post a Comment