Pages

Monday, June 24, 2013

အခြေခံပညာ ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကျင်းပ



တာချီလိတ် ၊ ၂၄-၆-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၁၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ၂၀၁၃ ခုနှစ် မြန်မာ အမျိုးသမီးများနေ့ ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် တာချီလိတ် ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့မှ ကြီးမှူးကာ အခြေခံ ပညာကျောင်း ပေါင်းစုံ စာစီစာကုံး ပြိုင်ပွဲ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ ခရိုင် နှင့် မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် ပညာရေးမှူး တို့မှ စာစီစာကုံး ဖြေဆို နေမှုအား ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲ သို့ အလယ်တန်း အဆင့် ကျောင်းသူ ၁၄ ဦးတို့မှ " ရိုးရာမပျက် ၀တ်ဆင်လျက် ထိန်းသိမ်းဖို့ရာ တို့တာဝန် " ခေါင်းစဉ်ဖြင့် ( စာလုံးရေ ၁၈၀၀ ခန့် ) အထက်တန်း အဆင့် ကျောင်းသူ ၁၂ ဦးတို့မှ " မျိုးဂုဏ် မြင့်မား မြန်မာ့ အမျိုးသမီးများ " ခေါင်းစဉ်ဖြင့် ( စာလုံးရေ ၂၅၀၀ ခန့် ) ၀င်ရောက် ဖြေဆို ခဲ့ကာ ဆုရရှိသည့် ကျောင်းသူများအား ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၃ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ အမျိုးသမီးများ နေ့ အထိမ်းအမှတ် အခမ်းအနား တွင် ဆုများ ချီးမြှင့် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment