Pages

Thursday, June 6, 2013

မြန်မာ - ဂျပန် နည်းပညာ ပူးပေါင်း၍ မြန်မာ့ ပေါ်ဆန်းမွှေးဆန် ကို မျိုးရိုးဗီဇ ပြုပြင်မည်


ရန်ကုန် ၊ ၆-၆-၂၀၁၃

လယ်ယာကဏ္ဍ တွင် မြန်မာ - ဂျပန် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် မြန်မာ့ ပေါ်ဆန်းမွှေးဆန် ကို မြန်မာ တစ်နိုင်ငံ လုံးတွင် ရာသီမရွေး စိုက်ပျိုး နိုင်သည့် မျိုးရိုးဗီဇ ပြုပြင် သွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ သိရသည်။

" ပေါ်ဆန်းမွှေးဆန် ဆိုတာ ကတော့ မြန်မာနိုင်ငံ မှာရော အာရှမှာပါ အကောင်းဆုံးဆန် စာရင်းဝင် ထားတဲ့ ဆန်ပါပဲ ၊ ပေါ်ဆန်းမွှေး က သိတဲ့ အတိုင်းပဲ ဧရာဝတီတိုင်း ဒေသကြီး နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မှာတောင် နေရာဒေသ ရွေးပြီးတော့ အောင်မြင်တဲ့ စပါးဆိုတော့ ဒီစပါးမျိုးကို နေရာဒေသ မရွေး ၊ ရာသီမရွေး စိုက်နိုင်တဲ့ မျိုးဖြစ်အောင် ဂျပန်နိုင်ငံ က မစ်ဆူအီ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မျိုးရိုးဗီဇ ပြုပြင် သွားဖို့ ရှိပါတယ် ..." ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အလုပ်အမှုဆောင် တစ်ဦးက ပြောကြား ခဲ့သည်။


ယင်းသို့ မျိုးဗီဇ ပြုပြင် လိုက်ခြင်းဖြင့် နေရာ ဒေသမရွေး ၊ ရာသီဥတု မရွေး စိုက်ပျိုး နိုင်မည် ဖြစ်သည့်အပြင် တစ်ဧက အထွက်နှုန်းလည်း ကောင်းမွန် လာမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်မှုကို ဂျပန်နိုင်ငံ မှ စိုက်ပျိုးရေး ပညာရှင်များ နှင့် မြန်မာနိုင်ငံ မှ စိုက်ပျိုးရေး ပညာရှင်များ ပူးတွဲ ဆောင်ရွက်လျက် ရှိပြီး စမ်းသပ် စိုက်ပျိုးပြီးသည့် အနေအထား သို့ပင် ရောက်ရှိ နေပြီဟု မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ လက်ရှိ ပေါ်ဆန်းမွှေး စပါးမျိုးတွင် ဖျာပုံ ပေါ်ဆန်းမွှေး နှင့် ရွှေဘို ပေါ်ဆန်းမွှေး သည် ပြည်တွင်း ဈေးကွက်တွင် ထိပ်တန်း မှ ဦးဆောင် နေပြီး ပြည်ပ ဈေးကွက် သို့ ထိုးဖောက်ရန် ပြင်ဆင်မှု ကြီးမား နေကြောင်း သိရှိရသည်။

No comments:

Post a Comment