Pages

Friday, June 21, 2013

၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ အမြင့်ဆုံးဈေးသို့ ရောက်ရှိ



ရန်ကုန် ၊ ၂၁-၆-၂၀၁၃

မြန်မာနိုင်ငံ ငွေကြေး ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာငွေ နှင့် ကျပ်ငွေ လဲလှယ်နှုန်းမှာ ယခုနှစ် အတွင်း အမေရိကန် တစ်ဒေါ်လာ ကို ကျပ်ငွေ ၉၇၀ သို့ အမြင့်ဆုံးဈေး ရောက်ရှိခဲ့ကြောင်း အမေရိကန် ဒေါ်လာ ၀ယ်- ရောင်း များထံမှ သိရသည်။

အမေရိကန် ဒေါ်လာ ငွေလဲလှယ်နှုန်း မှာ မေလ နောက်ဆုံးပတ် တွင် ရုတ်တရက် ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ လဲလှယ်နှုန်း မှာ ကျပ်ငွေ ၉၄၀ ၀န်းကျင် ဖြစ်ခဲ့သည်။ ထိုသို့ ကျဆင်းခြင်း မှာလည်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၌ အခွန်ဆောင် ရာတွင် အမေရိကန် ဒေါ်လာအစား ကျပ်ငွေဖြင့် ပေးဆောင် ရမည်ဆိုသော သတင်းများကြောင့် ဖြစ်သည်။

ယခု ဇွန်လ ၁၀ ရက်မှစ၍ ဆက်တိုက် ပြန်လည် မြင့်တက် လာသော အမေရိကန် ဒေါ်လာ ဈေးမှာ ဇွန်လ ၂၀ ရက်က အမေရိကန် တစ်ဒေါ်လာ လဲလှယ်နှုန်း မှာ ကျပ်ငွေ ၉၇၀ သို့ အမြင့်ဆုံး ရောက်ရှိ ခဲ့ကြောင်း သိရသည်။ အဝေး earning ငွေ ရောင်းဝယ်မှု မှာလည်း အမေရိကန် တစ်ဒေါ်လာ ကျပ်ငွေ ၉၇၀ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ သည် လွန်ခဲ့သော ၂၀၁၂ ခုနှစ်မှ စ၍ နိုင်ငံ၏ ကုန်သွယ်ရေး တွင် လိုငွေ ပြခဲ့ပြီး ထိုသို့ လိုငွေ ပြခဲ့ခြင်းမှာ လည်း ပြည်တွင်း ရင်းနှီးမြှုပ်နှံ သူများက ကဏ္ဍအားလုံး တွင် လိုအပ် နေသော စက်ပစ္စည်းများ ၊ အပိုပစ္စည်း များ အလုံးအရင်း ဖြင့် တင်သွင်း ၀ယ်ယူ ရင်းနှီး မြှုပ်နံမှု များကြောင့် ဖြစ်ရကြောင်း စီးပွားရေး လုပ်ငန်းရှင် များက ပြောဆို သုံးသပ် ခဲ့ကြသည်။

လက်ရှိ ပို့ကုန် သွင်းကုန် စာရင်းများ အရ အမေရိကန် ဒေါ်လာ လိုအပ်ချက် သည် ယခုနှစ်တွင်လည်း ဖြစ်ပေါ်နိုင်ပြီး ရင်းနှီး မြှုပ်နှံမှု အတွက် ကုန်ပစ္စည်း များကို အလုံးအရင်း ဖြင့် တင်သွင်းနေ ပါက အမေရိကန် ဒေါ်လာ ဈေးမှာ အတက်ဘက် တွင်သာ ရှိနိုင်ကြောင်း အမေရိကန် ဒေါ်လာ ရောင်းဝယ် သူများက ပြောကြား ခဲ့သည်။ အမေရိကန် ဒေါ်လာ ဈေးနှုန်း မှာ ကျပ်ငွေဖြင့် လဲလှယ်ရာတွင် မြင့်တက် လာသောကြောင့် ပြည်တွင်း စားသုံးမှု ကို ထိခိုက် နိုင်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment