Pages

Sunday, June 23, 2013

အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်းအား လေ့လာ အကြံပြုနိုင်



ရန်ကုန် ၊ ၂၃-၆-၂၀၁၃

မကြာမီ ကာလအတွင်း ပြည်သူ့လွှတ်တော် သို့ ဥပဒေအဖြစ် ပြဌာန်း ပေးနိုင်ရန် အတွက် တင်ပြမည့် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေမူကြမ်းအား လေ့လာ အကြံပြု နိုင်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ဖိတ်ခေါ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေ အဆိုပြု ဥပဒေ မူကြမ်းအား လေ့လာ၍ အကြံပြု လိုပါက မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိ သူများနှင့် ဆက်သွယ် နိုင်မည့် ဖုန်းနံပါတ် များနှင့် အီမေးလ် လိပ်စာများကိုလည်း ၄င်းတို့ MES ၀က်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

ဆက်သွယ် အကြံပြု လိုသူများ အနေဖြင့် ဦးဝင်းခိုင် ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ဖုန်း ၀၉- ၅၀၀ ၂၅၉၆ ၊ အီးမေးလ် uwkhaing@united-engineering.net ၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်စန်းဝင်း ဖုန်း ၀၉- ၅၁၁ ၄၅၂၁ ၊ အီးမေးလ် kmtksw@myanmar.com.mm နှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ခင်သန်းယု ဖုန်း ၀၉- ၅၀၇ ၇၄၁၅ အီးမေးလ် khinthanyu@gmail.com သို့ ဆက်သွယ် နိုင်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ၀က်ဘ်ဆိုက်မှာ www.mes.org.mm ဖြစ်ပြီး အဆိုပါ ၀က်ဘ်ဆိုက်တွင် ဥပဒေကြမ်းအား ၀င်ရောက် ဖတ်ရှုနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment