Pages

Saturday, June 29, 2013

နာမည်ကျော် တိုင်းမ်မဂ္ဂဇင်းတွင် ဦးဝီရသူ အား ဗုဒ္ဓဘာသာ အကြမ်းဖက် သမားအဖြစ် ဖော်ပြထားမှုကို အစ္စလာမ် ဘာသာဝင် ခေါင်းဆောင် တစ်ဦးက လက်မခံ


ရန်ကုန် ၊ ၂၉-၆-၂၀၁၃

လူသိများ ထင်ရှားသော နာမည်ကျော် တိုင်းမ် မဂ္ဂဇင်း တွင် ဦးဝီရသူ ကို ဗုဒ္ဓဘာသာ အကြမ်းဖက် သမားအဖြစ် ဖော်ပြ ထားမှုကို Diamond Shwe Kyie " စိန် နှင့် အခေါက်ရွှေ လုပ်ငန်း " ပိုင်ရှင် နှင့် အစ္စလာမ် ဘာသာဝင် များ၏ အရေးကိစ္စ များကို ဆောင်ရွက် နေသော ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးရွှေကြည် က ယင်းသို့ ရေးသားမှု ကို လက်မခံ နိုင်ကြောင်း ယမန်နေ့ က ပြောကြား ခဲ့သည်။

" ကျွန်တော် သင်္ဘောသား ဘ၀တုန်းက ပီနန် ဘုန်းတော်ကြီး ကျောင်းမှာ နေခဲ့ဖူး ပါတယ် ၊ ပီနန် ဆရာတော်ကြီး ရဲ့ စောင့်ရှောက်မှု ကိုလည်း ခံရဖူး ပါတယ် ၊ ဦးဝီရသူ ရဲ့ အကြောင်းကို ကျွန်တော် အသိဆုံးပါ ၊ တချို့ စာသားတွေနဲ့ စကားတွေက ဦးဝီရသူ ကိုယ်တိုင် မပြောဘဲနဲ့ ချဲ့ကား ရေးသားမှု တွေပါ ၊ ဦးဝီရသူ ကို ကျွန်တော် ယုံပါတယ် ..... " ဟု ဦးရွှေကြည် က ပြောကြား ခဲ့သည်။ အဆိုပါ စကားများကို မည်သူ တစ်ဦး တစ်ယောက် ကမှ ပြောခိုင်းခြင်း မဟုတ်သည့် အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွင် အိပ် ၊ စား ခဲ့ဖူးပြီး ဦးဝီရသူ ၏ တချို့သော အသုံးအနှုန်း များမှာ အနောက်တံခါး ကျိုးပေါက်လာမှု ကြောင့် စိုးရိမ်စွာ ပြောဆိုမှု များသာ ဖြစ်နိုင်ကြောင်း သိရသည်။

အရှင် ဦးဝီရသူ နှင့် ဦးရွှေကြည် တို့ ၂ ဦးသည် အဖျက်လုပ်ငန်း မှန်သမျှ ကို တားဆီး ကာကွယ်မည့် စိတ်သဘောထား တူညီကြပြီး ဦးဝီရသူ အနေဖြင့် မွတ်စလင် ဘာသာဝင် များကို ကူညီ ကယ်တင်မှုများ ရှိခဲ့ကြောင်း ဦးရွှေကြည် က ပြောကြား ခဲ့သည်။ ဇူလိုင်လတွင် ထွက်ရှိမည့် တိုင်းမ်းမဂ္ဂဇင်း ၏ မျက်နှာဖုံး တွင် ဦးဝီရသူ ၏ပုံကို ဖော်ပြကာ The Face of Terror ဟု စာတန်း ရေးထိုးထားပြီး အဆိုပါ ဖော်ပြမှု ကို အလွှာ အသီးသီး အကြား Facebook စာမျက်နှာ များတွင် ဝေဖန် ဖော်ပြမှုများ ရှိခဲ့သည်။ ပြည်ပ မီဒီယာ များအနေဖြင့် အချို့သော စာမျက်နှာ များတွင် တကယ် မပြောဘဲ ပြောကြောင်း ချဲ့ကား ဖော်ပြမှု များနှင့် မလိုလား အပ်သော ရေးသား ဖော်ပြမှုများ ရှိကြောင်း အလွှာ အသီးသီး ရှိ လူပုဂ္ဂိုလ် တို့က သုံးသပ် ဝေဖန် ကြသည်။ ထိုသို့ ဦးဝီရသူ ကို ဗုဒ္ဓဘာသာ အကြမ်းဖက် သမားအဖြစ် ဖော်ပြသော တိုင်းမ်မဂ္ဂဇင်း ကို မြန်မာနိုင်ငံ သို့ တင်သွင်း ရောင်းချမှု ကန့်သတ် လိုက်ပြီး ဖြစ်သည်။ ( သီရိလင်္ကာနိုင်ငံ တွင်လည်း အဆိုပါ တိုင်းမ် မဂ္ဂဇင်း ကို တားမြစ်ပိတ်ပင် ကြောင်း သိရှိရသည် Sri Lanka To Ban Time Magazine: “The Face Of Buddhist Terror” )






တိုင်းမ် မဂ္ဂဇင်း ၏ ရေးသား ဖော်ပြမှု များသည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် မလိုလား အပ်သော အနှောင့်အယှက် များ ၀င်လာနိုင်သည့် အပြင် ပြည်တွင်း အေးချမ်း တည်ငြိမ်မှု ကို အနှောင့်အယှက် ဖြစ်စေ နိုင်ကြောင်း အလွှာအသီးသီး က သုံးသပ် ပြောကြား ခဲ့ကြသည်။

No comments:

Post a Comment