Pages

Saturday, June 8, 2013

ပင်းတယမြို့ ၊ ရွှေဥမှင် သဘာဝလိုဏ်ဂူ ဘုရားကျောင်း အသစ်တပ်ဆင် တည်ဆောက်မည့် ဓာတ်လှေကား နေရာနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


တောင်ကြီး ၊ ၈-၆-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယ မြို့၌ ဇွန်လ ၆ ရက်နေ့ မွန်းလွှဲ ၁ နာရီ အချိန်က ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ၊ ပြည်နယ် ၀န်ကြီးများ နှင့် တာဝန်ရှိ သူများသည် ပင်းတယ ရွှေဥမှင် သဘာဝ လိုဏ်ဂူ ဘုရားကျောင်း တွင် အသစ် တပ်ဆင် တည်ဆောက်မည့် ဓာတ်လှေကား နေရာအား ကြည့်ရှု စစ်ဆေးပြီး လိုဏ်ဂူ အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော် မြတ်အား လှည့်လှည် ဖူးမြော် ကြည်ညို ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ၀န်ကြီးချုပ် နှင့် အဖွဲ့သည် ပင်းတယ မြို့မှ ပြန်လည် ထွက်ခွာ လာရာ ပင်းတယမှ ရပ်စောက်မြို့ သို့ ဆက်သွယ် ဖောက်လုပ် ထားသည့် လမ်းပေါ်ရှိ နယ်စပ် ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန အစီအစဉ်ဖြင့် ဖောက်လုပ်လျက် ရှိသည့် မိုင်းလီ - ပင်းတယ ကျောက်ချောလမ်း အား ကြည့်ရှု စစ်ဆေး ခဲ့သည်။




ယင်းနောက် ရှမ်းပြည်နယ် ၀န်ကြီးချုပ် နှင့် အဖွဲ့သည် ညနေ ၄ နာရီတွင် ရပ်စောက် မြို့နယ် ၊ ကောင်းဘို့ ကျေးရွာ၌ ကျေးလက် ဒေသဖွံ့ဖြိုးရေး ကော်မတီ များနှင့် တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး နှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment