Pages

Saturday, June 1, 2013

တောင်ကိုရီးယား နှင့် အမေရိကန် ကြည်းတပ် တို့သည် မြစ်ကူး စစ်ဆင်ရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ် ပြုလုပ်ခဲ့


၁-၆-၂၀၁၃

တောင်ကိုရီးယား နှင့် အမေရိကန် ကြည်းတပ် တို့သ် မြောက်ကိုရီးယား နယ်နိမိတ် အနီး တောင်ကိုရီးယား နိုင်ငံ၏ Yeoncheon စီရင်စု ရှိ Imjin မြစ်ပေါ်တွင် တင့်တယ်ရေယာဉ် များကို အသုံးပြု၍ မြစ်ကူး စစ်ဆင်ရေး ပူးတွဲ စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိ သူများက မေလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု NEWS now သတင်းတပုဒ် အရ သိရသည်။

အဆိုပါ မြစ်ကူး စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀ ကျော် နှင့် တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၉၅ ဦး ပါဝင် လေ့ကျင့် ခဲ့ပြီး တင့်ကားများ နှင့် သံချပ်ကာယာဉ် များ Imjin မြစ်ကို ဖြတ်ကူးရန် အတွက် ယာယီ တင့်သယ် ရေယာဉ်များကို အသုံးပြု ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း သည် အမေရိကန် - တောင်ကိုရီးယား ပူးတွဲ မြစ်ကူး စစ်ဆင်နိုင်စွမ်း ကို မြှင့်တင်ရန် နှင့် စစ်အင်နီယာ တပ်ဖွဲ့၏ အထောက်အကူ ပေးနိုင်စွမ်း ကို အမြင့်ဆုံးထိ မြှင့်တင် နိုင်ရန် တို့အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကြည်းတပ် ၏ အမှတ်(၆) အင်ဂျင်နီယာ တပ်မဟာမှ မြစ်ကူးတပ်ခွဲ တပ်ခွဲမှူး Song Bongkyu က ပြောကြား ခဲ့သည်။


ထို့အပြင် အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တွင် နှစ်နိုင်ငံမှ တင့်ကား ၁၄ စီးနှင့် သံချပ်ကာ ယာဉ် ၁၆ စီး ပါဝင် လေ့ကျင့် ခဲ့ကြောင်း နှင့် ၄င်း လေ့ကျင့်ခန်း သည် ၁၀ နှစ်နီးပါး ကာလအတွင်း နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ အတွက် ပထမဆုံး အကြိမ် ပြုလုပ်သည့် အကြီးစား  မြစ်ကူး လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment