Pages

Wednesday, May 29, 2013

လူ့ခြေထောက်တွင် မှိုအမျိုးပေါင်း ရာချီ၍ ရှင်သန်ရာ နေရာဖြစ်



သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ ရှိချက်အရ လူ့ခြေထောက် တွင် မှိုအမျိုးပေါင်း နှစ်ရာနီးပါး တွယ်ကပ် ပေါက်ဖွား နေသော နေရာ တစ်နေရာ ဖြစ်ကြောင်း သိရသည်။ လူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် မှိုအမျိုးမျိုး က နေရာ အနှံ့ ရှင်သန်လျက် ရှိနေသော်လည်း မှိုများ အဓိက နေရာယူ ထားသော နေရာသည် ခြေဖနောင့် ၊ ခြေသည်းများ ကြားနှင့် ခြေချောင်း ကလေးများကြား နေရာတွင် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ သုတေသီ များ၏ စစ်တမ်းအရ သိရသည်။

လူကို ဆိုးကျိုးပေးသော မှိုအမျိုးမျိုးသည် အရေပြား နေရာ အနှံ့တွင် ရှင်သန်လျက် ရှိကြသည်။ သဘာဝ အတိုင်း ရှင်သန် နေရုံဖြင့် ဒုက္ခ မပေးနိုင် သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အမြောက်အမြား ပွားများ လာပါက အရေပြား ရောဂါများ ဖြစ်ပွား လာတတ်ကြောင်း သိရသည်။ လေ့လာမှု စစ်တမ်းကို မေရီလန်း ပြည်နယ် ၊ ဘတ်သဲဒါမြို့ လူမျိုးဗီဇ သုတေသန သိပ္ပံ မှ သုတေသီ ပညာရှင်များ က ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကျန်းမာသော လူ ၁၀ ဦး၏ ခန္ဓာကိုယ် နေရာ ၁၄ နေရာတွင် ရှင်သန် နေသော မှိုများကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။


အဆိုပါ မှိုများ ရှင်သန်နေသော နေရာ ၁၄ နေရာမှာ နားအတွင်း ၊ မျက်ခုံးအပေါ် ၊ ဦးခေါင်း အနောက် ၊ နားအနောက် ၊ ခြေဖနောင့် ၊ ခြေသည်းကြား ၊ ခြေချောင်းကြား ၊ ရင်ဘတ် ၊ နှာခေါင်းတွင်း ၊ လက်ဖ၀ါး ၊ တံတောင်ဆစ်ကွေး နေရာများတွင် ရှင်သန် နေသော မှိုများကို စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ခြေဖနောင့် နေရာသည် မှိုအမျိုး တစ်ရာနီးပါးခန့် ရှင်သန် နေကြောင်း တွေ့ခဲ့ရပြီး ၊ ခြေသည်းများ ကြားတွင် မှိုအမျိုး ၆၀ ခန့်နှင့် ခြေချောင်း ကလေးများ ကြားတွင် မှိုအမျိုး ၄၀ ခန့်ထိ ရှင်သန် နေကြောင်း သိရသည်။ လက်ဖ၀ါး ၊ လက်ဖျံ နှင့် တံတောင်ဆစ်ကွေး နေရာ များသည်လည်း မှိုများ အကြိုက်တွေ့ စေသော နေရာများ ဖြစ်သည်။ မှိုအမျိုး ပေါင်း ၁၈ မျိုးမှ ၃၂ မျိုးအထိ ရှိတတ်သည်။ အဆိုပါ လေ့လာမှု စစ်တမ်းကို Nature Journal တွင် ထည့်သွင်း ဖော်ပြ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment