Pages

Wednesday, May 8, 2013

အင်ဒိုနီးရှားရှိ မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ပါဝင်ခဲ့သည့် ဗုံးပြုလုပ်သူ တစ်ဦးအား ရဲတပ်ဖွဲ့ရှာဖွေလျက်ရှိ



ဂျကာတာ ၊ ၇-၅-၂၀၁၃

အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ မှ အကြမ်းဖက် တန်ပြန် တိုက်ခိုက်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သော Densus 88 အဖွဲ့သည် ဂျကာတာမြို့ ရှိ မြန်မာ သံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှု တွင် ပါဝင် ပတ်သက် ခဲ့သည့် အသက် ၂၃ နှစ် အရွယ်ရှိ ပြည်တွင်းဖြစ် ဗုံးပြုလုပ်သူ အမျိုးသား တစ်ဦးကို ရှာဖွေလျက် ရှိကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဂျကာတာမြို့ ရှိ မြန်မာသံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှုတွင် SI ဟု အမည်ဝှက် ပေးထားသည့် အဆိုပါ အမျိုးသားက အကူအညီ ပေးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာဖေးလ် အမာ က မေလ ၆ ရက်တွင် ပြောကြား ထားသည်။ SI သည် အသက် ၂၈ နှစ် အရွယ် ဆီဖာရီအာနို နှင့် အသက် ၂၉ နှစ် အရွယ် အက်ခ်ျမက်ဒ်တက်ဖစ် တို့ ၂ ဦးနှင့်အတူ မြန်မာ သံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ပြည်တွင်းဖြစ် ဗုံး ၅ လုံးကို ကြိုတင် ပြင်ဆင် ခဲ့သည်ဟု သိရသည်။

ထို့နောက် ဆီဖာ နှင့် တက်ဖစ် တို့ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ က မေလ ၂ ရက်တွင် ဖမ်းဆီးခဲ့ပြီး ပြည်တွင်းဖြစ် ဗုံး ၅ လုံး ထည့်ထားသော ကျောပိုးအိတ် တစ်လုံးကို Densus 88 အဖွဲ့က သိမ်းယူ ခဲ့ကြောင်း သိရသည်။ ၄င်းတို့ ၂ ဦးအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေအိမ်အတွင်း ၀င်ရောက်၍ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖြစ်သည်ဟု ယူဆရသော ဓာတုပစ္စည်းများ ၊ ဘက်ထရီများ နှင့် အခြား လက်နက် ခဲယမ်း များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဗိုလ်မှူး ချုပ် ဘွိုင်းရာဖေးလ် က ပြောကြား ခဲ့သည်။

ထို့နောက် SI တည်ရှိမည့် နေရာကို သိရှိစေရန် ၄င်း၏ မိသားစုဝင် ၄ ဦးကို စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ဘွိုင်း က ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment