Pages

Friday, May 24, 2013

ငွေစက္ကူအတုများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၄-၅-၂၀၁၃

မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းသို့ ရောက်ရှိ လာသော ထိုင်းနိုင်ငံ လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက်တထို ကျေးရွာနေ မစ္စတာ တာဟူး (၅၇)နှစ် နှင့် ဇနီး ဖြစ်သူ မစ္စ ချန် (၄၁)နှစ် တို့ ၂ ဦးသည် ထီးခီး စစ်ဆေးရေး ဂိတ်အနီး၌ မြန်မာငွေ နှင့် ထိုင်းဘတ်ငွေ လဲလှယ်ရန် ဆောင်ရွက် နေစဉ် မသင်္ကာသဖြင့် ထီးခီး ကုန်သွယ်ရေး စခန်း တာဝန်ကျ အဖွဲ့က ခေါ်ယူ မေးမြန်းခဲ့ရာ မစ္စတာ တာဟူး နှင့် အတူပါလာသော အညိုရောင် ချည်ထည်ဖြင့် ရက်လုပ် ထားသည့် ရှမ်းလွယ်အိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတု ၁၀၀၀ ကျပ်တန် ၁၀၀ ရွက် ၊ ၅၀၀၀ ကျပ်တန် ၁၉၄ ရွက် တို့အား စစ်ဆေး တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။


စစ်ဆေးချက်အရ ၄င်းတို့ ၂ ဦးသည် ထိုင်းနိုင်ငံ မှ ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ကုန် အရောင်းအ၀ယ် ကိစ္စ လေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း ၊ ၄င်းတို့ နေထိုင်သော လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက်တထို ကျေးရွာ အမှတ်(၈၈) နေအိမ်၏ တောင်ဘက် ကပ်လျက် အမှတ်(၈၉) နေအိမ်တွင် နေထိုင်သော အချိုင် ဆိုသူထံသို့ ထိုင်းစစ်သား အစင် ဆိုသူက ယင်း မြန်မာ ငွေစက္ကူ အတုများအား ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုင်းစစ်သား အစင် ဆိုသူမှာ လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် နေထိုင်လျက် ရှိကြောင်း ၊ အဆိုပါ ငွေစက္ကူ အတုများကို အချိုင် မှ ထိုင်းဘတ်ငွေ ဖြင့် လဲလှယ် ပေးရန် ၄င်းတို့အား ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြိး မြန်မာ ငွေစက္ကူ အတုများ လက်ဝယ် တွေ့ရှိသူ မစ္စတာ တာဟူး နှင့် ဇနီးသည် မစ္စချန် တို့ ၂ ဦးအား ထားဝယ် မြို့မရဲစခန်း (ပ) ၁၈၂ / ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၄၈၉ (က) (ခ) (ဂ) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန မှ သိရှိရသည်။

No comments:

Post a Comment