Pages

Thursday, May 9, 2013

မြန်မာ့အာမခံလုပ်ငန်း အပါအ၀င် ပုဂ္ဂလိက အာမခံကုမ္ပဏီ (၁၂) ခု ပေါ်ပေါက်ရန် ပြင်ဆင်မှု အချက် (၃)ချက် သာကျန်ရှိ



ရန်ကုန် ၊ ၉-၅-၂၀၁၃

မြန်မာနိုင်ငံ တွင် မရှိသေးသည့် ပုဂ္ဂလိက အာမခံ လုပ်ငန်းများ လုပ်ဆောင်သည့် ကုမ္ပဏီများ ပေါ်ပေါက် လာစေရန် မြန်မာ့ အာမခံ လုပ်ငန်း နှင့် ပြင်ပ ကုမ္ပဏီများမှ ဆောင်ရွက်ရန် အချက်(၃) ချက် သာရှိကြောင်း မြန်မာ့ အာမခံ လုပ်ငန်း ဥက္ကဋ္ဌ ဦးအေးမင်းသိန်း က ပြောကြားသည် ။ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီ များသည် အာမခံ လုပ်ငန်း လုပ်ဆောင်ရန် ပထမ အချက် အနေဖြင့် သတ်မှတ် မတည် ရင်းနှီးငွေကို ပေးသွင်းရပြီး ယင်းငွေကြေး ကို ပေးသွင်းပြီးမှ မြန်မာ့ အာမခံ လုပ်ငန်း က ဒုတိယ အချက် အနေဖြင့် လိုင်စင် ထုတ်ပေးကြောင်း ၊ လိုင်စင် ရပြီးမှသာ ကုမ္ပဏီများ နှင့် မြန်မာ့ အာမခံ လုပ်ငန်း က တတိယ အချက် အနေဖြင့် ဖွင့်ပွဲ ကျင်းပ၍ အဆိုပါ လုပ်ငန်း လုပ်ဆောင်သည့် ကုမ္ပဏီများ ပေါ်ပေါက် လာမည် ဖြစ်ကြောင်း သိရသည်။

အာမခံ ကုမ္ပဏီ ဖွင့်မည့် ပြင်ပ ကုမ္ပဏီ (၁၂)ခု ရှိသည့်အနက်  (၆)ခုသည် မတည် ရင်းနှီးငွေ ငွေကျပ် သိန်းလေးသောင်း ခြောက်ထောင် ကို ပေးသွင်းပြီး ဖြစ်ကြောင်း ၊ ကျန် ကုမ္ပဏီ (၆)ခုမှာ မေလအတွင်း အပြီး ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

မတည် ရင်းနှီးငွေ မသွင်း ရသေးသည့် အာမခံ ကုမ္ပဏီ (၆)ခု၏ ငွေသွင်းနိုင်မှု ရှိ - မရှိ မီဒီယာ များ၏ မေးမြန်းချက် ကို မြန်မာ့ အာမခံ လုပ်ငန်း ဥက္ကဋ္ဌ ဦးအေးမင်းသိန်း က " ကျန်တဲ့ ပုဂ္ဂလိက ကုမ္ပဏီ (၆)ခုက ဒီလအတွင်း သွင်းနိုင်မှာပါ ၊ သူတို့ကို သွင်းနိုင်လို့လည်း ရွေးချယ် ထားခဲ့တာ ၊ တစ်ခုတော့ ရှိတာပေါ့ ၊ သူတို့ ဘက်က သွင်းတဲ့ နေရာမှာ မသွင်းနိုင် ပါဘူးဆိုပြီး စာနဲ့ ပေနဲ့ တင်လာရင်တော့ ထိုက်သင့်တဲ့ အရေးယူမှု ပြုရမှာပါ .... " ဟု ပြောကြား ခဲ့သည်။

ရင်းနှီးငွေ ပေးသွင်းပြီး သည့် ကုမ္ပဏီ များမှာ Grand Guardian Insurancement Public Co., Ltd ၊ အောင်သစ္စာဦး အာမခံ ကုမ္ပဏီ ၊ I.KBZ Insurancement Public Co., Ltd ၊ နိုင်ငံသား စီးပွားရေး အာမခံ အများပိုင် လီမိတက် ၊ အောင်မြင့်မိုရ်မင်း ကုမ္ပဏီ ၊ Capital Life Insurancement Co., Ltd တို့ဖြစ်ပြီး ယင်းတို့ ထဲမှ Grand Guardian ၊ အောင်မြင့်မိုရ်မင်း ၊ Capital Life ကုမ္ပဏီ (၃) ခုမှာ (Life) အသက်အာမခံ ကို သီးသန့် လုပ်ဆောင်မည့် ကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment